Part 16

135 15 0
                                    

Daddyက သူ့အဖိုးစောင့်ရှောက်လို့ကြီးလာတာတဲ့။ မိဘတွေက မရှိတော့ဘူးတဲ့။ Daddyနဲ့ ကျွန်တော်က ဘ၀တူတွေလို့ ကြံဖန်တွေးပြီး ကြည်နူးနေရသေးသည်။ ကျွန်တော်က သိပ်ရူးတဲ့အကြောင်းကိုတော့ Daddy မသိလဲရပါတယ်။

၀မ်ရိပေါ်က သနားစရာကောင်းတဲ့လူသားရယ်လို့တော့ မတွေးပါနဲ့ Daddy. ဒီကကောင်က ဘာမှအဖြစ်မရှိပေမယ့် သနားခံရတာကိုတော့ သိပ်ကိုမုန်းမိလို့ပါ။

" မင်းDaddyနဲ့ ငါက ကျောင်းတက်ကထဲက သူငယ်ချင်းတြွေဖစ်ခဲ့ကြတာ။ ငါက ပြင်သစ်ကိုသွားတက်ရတာမို့လေ။ အဲတုန်းက မင်းDaddy က တအားချောတာကွ။ တကယ်တော့ လှတာဆိုရင် ပိုမှန်တယ်။ မိန်းကလေးရှုံးအောင် လှတာ။ "

Daddyက အခုထက်ထိလဲ ချောနေတုန်းပါ ဉီးလေးကျိုးရာ။ ဒါပေမယ့် Daddyက လှတယ်ဆိုတာ ဘယ်လိုပုံစံမျိုးလေးလဲ။ မြင်ဖူးချင်လိုက်တာ။

ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့ Daddyက လှတယ်ပြောရလောက်အောင်ထိ ချီးကျူးခံခဲ့ရတာဆိုတော့ လူတကာက ငေးကြမှာပေါ့။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်ခဲ့တဲ့ Daddyက ရည်းစားတွေများ ရခဲ့မလား။ ချစ်သူတွေများ ရှိခဲ့ဖူးလား။

" အဲကောင်က ရုပ်ကလေးနဲ့မလိုက်အောင် သိပ်ချေတာ။ မိန်းကလေးဆိုရင်တောင် အားမနာဘူး။ အဲကောင်ရဲ့ သီးသန့်ဆန်မှုက တကယ်ရူးလောက်တယ်။ "

" အဲကောင်မဟုတ်ဘူး။ Daddyပါ ဉီးလေးကျိုး။ "

Daddyကို အဲကောင်၊  ဟိုကောင် အဲလိုမျိုးတွေ ခေါ်တာ ကျွန်တော်မကြိုက်ဘူးလို့ ဉီးလေးကျိုးကို ပြောထားပါရက်နဲ့ ထပ်ပြောတာ ကျွန်တော့်စကားကို ဂရုမထားတာ။ ရပါတယ်။ ဉီးလေးကျိုးက Daddy မှမဟုတ်တာပဲ။ ထူးထွေပြီး ခံစားမနေတော့ပါဘူး။

"  ဟုတ်ပါပြီဗျာ။ ကျွန်တော်မျိုးက သတိထားပါ့မယ်ခင်ဗျ။ "

ရယ်ကျဲကျဲပြန်ပြောတဲ့ ဉီးလေးကျိုးက ကျွန်တော့်ကို​တော့ အလိုလိုက်ရှာသည်။ ဉီးလေးကျိုးနဲ့ Daddyက ကျောင်းကထဲကခင်တာဆိုတော့ ကျောင်းကတစ်ကျောင်းထဲအတူတူတက်ခဲ့တာများလား။ Daddyကလည်း ဆရာဝန်တစ်ယောက်ပဲလား။

Falling Leaves To Their RootsWhere stories live. Discover now