Part 1

622 37 0
                                    

လူရှင်းသည့် လမ်းကြားလေးတစ်နေရာမှာ ဒူးနှစ်ဖက်ကို လက်နဲ့ပိုက်လို့ ထိုင်နေတဲ့ ကောင်လေးတစ်ယောက်က အရာရာကို စိတ်ကုန်နေသလို။ ရှင်သန်ချင်စိတ် မရှိတော့သည့်လူလို။

ဘ၀!! စကားလုံးနှစ်လုံးထဲနဲ့ အရာအားလုံးကို ခြယ်လှယ်နိုင်သော အရာတစ်ခု။ သိပ်ကိုအင်အားကြီးမားပါတယ်။ အတော်လေးကို ကြောက်ဖို့ကောင်းပါတယ်။ လောကကြီးအကြောင်းကိုရော ဘ၀အကြောင်းကိုရော ကျွန်တော့်လို ၁၇နှစ်အရွယ် လူသားတစ်ယောက်က ကောင်းစွာနားမလည်တာ အမှန်တရားပင်။

လူပြောများတဲ့ လောကဓံကို ကျွန်တော်ခံနိုင်ရည်မရှိသေးတဲ့အခါ အနည်းငယ်တော့ ရှက်စိတ်၀င်မိရဲ့။ "လဲလျှင်ပြန်ထ အဲဒါဘ၀" ဆိုတဲ့စကားတွေလဲ အကြိမ်ကြိမ်ကြားဖူးပါရဲ့။ လဲကျပြီဆိုတိုင်း ပြန်ထဖို့ လွယ်ကူမနေခဲ့တာ ကျွန်တော်သိပြီလေ။ ကျွန်တော့်ဘ၀က ကွဲကျသွားတဲ့ ဖန်ခွက်တစ်ခုလိုပဲ။ ပြန်ကောင်းဖို့ မဖြစ်နိုင်တော့သလိုပေါ့။

တကယ်ပါ။ ခံနိုင်ရည်တွေကုန်ဆုံးနေပါပြီ။ လောကဓံမုန်တိုင်းကိုလည်း လက်မြှောက်လို့အရှုံးပေးလိုက်ပါပြီ။ ရွှေဘုံစံမင်းသားလေးဘ၀ကနေ အိမ်ခြေယာမဲ့တစ်ယောက်ဖြစ်သွားတာ ကျွန်တော်အဆင်ပြေပါတယ်။ ဒါမယ့် ကျွန်တော့်ဘ၀ရဲ့ အရေးပါဆုံးလူသားနှစ်ယောက်ကို ဆွဲထုတ်သွားတာတော့ မတရားဘူးလေ။

Wang Motorcycle Production ဆိုသော လုပ်ငန်းတစ်ခုလုံး ပြာကျသွားပြီ။ ကျန်ရှိနေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကုမ္ပဏီကလည်း တခြားတစ်ယောက်ပိုင်သွားသည်။ တွယ်တာရတဲ့ ၀မ်အိမ်တော်ကလည်း အသိမ်းခံလိုက်ရသည်။ သိပ်ကိုချစ်ရတဲ့ မိဘနှစ်ပါးကလည်း ကျွန်တော့်ကို ချန်ခဲ့ကြပြီ။ ၀မ်ရိပေါ်ဆိုတဲ့ ကျွန်တော်က ဘာပိုင်ဆိုင်မှုမှမရှိတော့တဲ့ ဗလာသက်သက်။

ရယ်မောနိုင်တဲ့အခါ လူအားလုံးက မင်းနဲ့အတူ ရယ်မောကြလိမ့်မည်။ ငိုကြွေးရတဲ့အခါမှာတော့ မင်းတစ်ယောက်ထဲ ငိုရလိမ့်မယ် ဆိုတဲ့စကားက သိပ်မှန်နေတဲ့အခါ ခပ်ရွဲ့ရွဲ့ရယ်မောပစ်လိုက်သည်။ ၀မ်သခင်လေးဖြစ်တုန်းကတော့ ခခယယနဲ့ အရိုသေခံရတဲ့ကျွန်တော်ကို့ အခုတော့ ပစ်ပစ်ခါခါရယ်။

Falling Leaves To Their RootsWhere stories live. Discover now