Part 2

314 29 2
                                    

" ရှောင်းကျန့်။ အများသိတဲ့ Sean Xiao!! မင်းကတော့ Daddy လို့ခေါ်နိုင်တယ်။ "

အဲဒီလူကြီးက သူ့ကိုယ်သူ မိတ်ဆက်လာသည်။ အများသိတဲ့ Sean Xiaoတဲ့လား။ ကျွန်တော်သူ့ကို မသိဘူး။ မြင်လဲမမြင်ဖူးဘူး။

တစ်ဆိတ်လောက်။ Daddy လို့ခေါ်နိုင်တယ် ဆိုပြီး ​ကျွန်တော့်ကိုပြောလိုက်တာလား။ ဘာကြောင့်လဲ။ ဘာလို့ Daddy လို့ခေါ်ရမှာလဲ။ သူက ဘာမို့လို့လဲ။

ကျွန်တော့်စိတ်ထဲ မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်နေပေမယ့် အပြင်တော့ ထုတ်မမေးဖြစ်ခဲ့။ အခေါ်အဝေါ်လေးတစ်ခုပဲဟာ။ ဘာတွေများဖြစ်သွားနိုင်မှာလဲ။ ဖြစ်လဲ အရေးမကြီးတော့ဘူး။ ၀မ်ရိပေါ်ဆိုတာ ဘာကောင်မှ မဟုတ်တော့ဘူးမလား။

Daddy ဆိုတဲ့လူကို ကျွန်တော်ကြည့်လိုက်သည်။ အကြည့်ချင်းဆုံတဲ့အခါ သူကပြုံးပြသည်။ ကျွန်တော်လည်း သူ့လိုပြုံးချင်လိုက်တာ။ သို့သော် မျက်နှာအစိတ်အပိုင်းတစ်ခုစီကလှုပ်ရှားမရတော့သလို ဖြစ်နေသည်မို့ ပြန်လည်မပြုံးပြဖြစ်ခဲ့ပေ။ အကြည့်တော့ မလွှဲခဲ့ပေ။ သူ့အ​ပြုံးကိုမြင်ရင် ကျွန်တော်အေးချမ်းလာသလိုပဲ။

" ကိုယ့်အကြောင်းက သိပ်ကြီးပြောစရာမရှိတဲ့အတွက် ပြောပြမနေတော့ဘူး။ "

လေသံအေးအေးနဲ့ ဖြေရှင်းချက်ထုတ်နေသော Daddy ဆိုတဲ့လူကို ကျွန်တော်နားမလည်ဘူး။ ဘာလို့ ကျွန်တော့်ကိုသူ့အိမ်ဆီခေါ်လာတာလဲ။ ဘာလို့ ကောင်းပြနေတာလဲ။ အဲဒါတွေ ကျွန်တော်မသိဘူး။ သိဖို့ရာလည်း ကျွန်တော်မကြိုးစားချင်ဘူး။ သင့်တော်ရာနေရာမှာ သင့်တော်သလိုပဲ နေချင်တော့တယ်

အဲလူကြီးထပ်ပြုံးပြန်ပြီ။ ဘာတွေက သဘောကျစရာပါနေမှန်းမသိ။ ကြည်ကြည်လင်လင်နဲ့ကို ပြုံးတာ။ ကြည့်ကောင်းလိုက်တာ။

" ကိုယ်ပြောတာပဲနားထောင်မှာလား။ မင်းအကြောင်းကိုလဲ ပြောမပြတော့ဘူးလား။ "

မပြောချင်ဘူး။ ဖြစ်ပြီးသမျှကိုလည်း ပြန်မတွေးချင်ဘူး။ လူကြီးရဲ့အမေးကြောင့် အာရုံမှာ တစ်ခုချင်းစီပေါ်လာနေတဲ့ မှတ်ဉာဏ်တွေကို မျက်စိမှိတ်ပြီး ရှင်းထုတ်ပစ်လိုက်တယ်။ ပျောက်ပျက်မသွားပေမယ့် စကားတစ်ခွန်းကို​တော့ သေချာစွာကြားလိုက်ရတယ်။

Falling Leaves To Their RootsWhere stories live. Discover now