[Unicode]
သေပစ်လိုက်တော့မယ်ဆိုတဲ့ ဆန္ဒတွေ ပြည့်လျှံလာတဲ့ ဒီနေ့အထိ ရောက်လာဖို့ကို လက်ချိုးရေကာ စောင့်ဆိုင်းခဲ့ရသည်။ ဒီထက်ပိုပြီး ဘယ်သူ့အပေါ်မှာမှ မှီခိုချင်စိတ်လဲ မရှိတော့သလို၊ ဘယ်အရာအပေါ်မှာမှ စွဲလမ်းစိတ်တွေ နောင်တတွေလဲမရှိတော့ဘဲ အသက်ရှင်စရာအကြောင်းအရင်းတစ်ခုမှ မကျန်တဲ့တော့တဲ့ အရာအားလုံး ဟာလာဟင်းလင်းဖြစ်သွားတဲ့ အချိန်။
၃၂နှစ်အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဆောင်းရာသီသည် ခါတိုင်းထက် ပိုအေးခဲ့တာ အသားတွေပါ ခြောက်ကပ်သည်အထိ။ ဒီနှစ် ဆောင်းရာသီမှ အေးခဲနှုန်းသည် စံချိန်သစ်ဖြစ်ကြောင်း သတင်းတွေကတော့ နေ့တိုင်းကြေညာသည်။ အေးခဲပြီး သေဆုံးကြတဲ့ ဆင်းရဲသားမိသားစုအရေအတွက်လဲ တိုးသထက်တိုးလာတာကြောင့် နိုင်ငံတော်ကပါ အရေးပေါ် ဥပဒေ ချမှတ်လိုက်ရသည်။
ပထမဆုံးနှင်းကျတဲ့ နေ့မှာ ဟယ်အာသည် ရုတ်တရက်ကြီး ကင်ဆာရောဂါကို ဆုမတောင်းပါဘဲဲနဲ့ လက်ဆောင်ရလိုက်သည်။ အတိအကျပြောရမယ်ဆိုရင်တော့ ဟိုးအရင်ချိန်တွေကတည်းက ကင်ဆာဆဲလ်က အသည်းမှာ စတည်တာဖြစ်ပြီး အဆုတ်အထိ ပြန့်သွားတာ တော်တော်ကြာခဲ့ပြီဆိုပေမယ့်၊ ဘယ်လိုပဲဖြစ်ဖြစ် ကင်ဆာဖြစ်နေပြီဆိုတာကို စသိတဲ့အချိန်ကနေ စတွက်ကြည့်ပြီး ကင်ဆာရောဂါသည်လို့ ခေါ်ဝေါ်ရမယ်ဆိုရင်တော့... အင်း... ၃၂နှစ်ကြိမ်မြောက် ကြုံတွေ့ခဲ့ရတဲ့ ဆောင်းရာသီသည် သူ့အတွက် အဆိုးရွားဆုံး နှစ်ဖြစ်ခဲ့သည်။
ဆရာဝန်ကတော့ သူ့ကို လက္ခဏာတွေစပြချိန်ကတည်းက ဘာလို့ စောစောစီးစီး လာမပြခဲ့တာလဲလို့ ဆူသည်။ နေမကောင်းဖြစ်နေတာ သိရဲ့သားနဲ့ ဘာလို့ ဆေးရုံကို လာမပြတာလဲကနေစတဲ့ ရှည်လျားလှတဲ့ တရားချမှုကို နားထောင်နေတဲ့ အတောအတွင်း ဟယ်အာသည် စိတ်ထဲမတင်မကျနှင့် ခံပြင်းခဲ့သည်။ "နေမကောင်းတာသိရက်နဲ့" ဟုတ်လား... ဆရာမှားနေပါပြီ။
ဟယ်အာသည် သူ နေမကောင်းဖြစ်နေမှန်း သူကိုယ်တိုင်တောင် မသိပါ။ စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေကြောင့် ခန္ဓာကိုယ်မှာ အားမရှိတော့တာလို့ ထင်ခဲ့မိတာ။ ချောင်းဆိုးတာ ပိုဆိုးရွားလာလဲ ရိုးရိုးအအေးပတ်တာလို့ပဲ ထင်ခဲ့တာ။ အဆုတ်အအေးပတ်တာများလားလို့ တွေးပြီး ဆေးရုံလာပြတာ ပြဿနာက အဆုတ်မဟုတ်ဘဲ အသည်းတဲ့လား..။ စိတ်ထွေပြားရမယ့်သူက ဆရာဝန်မဟုတ်ဘဲ သူဖြစ်ရမှာ မဟုတ်ဘူးလား။
DU LIEST GERADE
Beta Test End | ဘာသာပြန်
RomantikTitle : Beta Test End (ဘယ်တာတက်စ်ပြီးဆုံးခြင်း) Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth