အပိုင်း (၁၆)

3.2K 685 103
                                    

[Unicode]

ထယ်ရင်းရဲ့ အကြည့်ကိုလိုက်ပြီး ဟယ်အာ လိုက်ကြည့်မိတော့ ချစ်စရာ ရွာငယ်လေးကို မြင်လိုက်ရသည်။ တစ်ချိန်ချိန် ထယ်ရင်းရဲ့ မီးခံသေတ္တာထဲမှာ တွေ့ရမယ့် ပို့စ်ကတ်လေးပေါ်က ရွာငယ်လေးပင်ဖြစ်သည်။

အတိုင်းမသိ ဝမ်းသာပြီး စိတ်ချမ်းသာသည်။ စိတ်ထဲမှာ တေးထားတဲ့ ပန်းတိုင်တစ်ခုကို ဖြစ်ဖြစ်မြောက်​မြောက် ရောက်သွားသလို ခံစားချက်ပင်။ ဒီခံစားချက်ကလဲ ထယ်ရင်းရဲ့ ဖုန်းသံမမြည်လာခင်အထိသာ။

ဖုန်းမျက်နှာပြင်မှာပေါ်လာတဲ့ နာမည်ကို မကြည့်လိုက်နိုင်ခင်မှာဘဲ ထယ်ရင်းက ဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်သည်။ အစကတော့ ရိုးရိုး အလုပ်ကိစ္စကြောင့် ဖုန်းဆက်တာလို့သာထင်ခဲ့သည်။ ရိုးရိုးတန်းတန်းသာ စဉ်းစားကြည့်ပါလေ။ ဘယ်လိုပဲ မိဘတွေ စီစဉ်ပေးတဲ့ မင်္ဂလာပွဲဖြစ်ခဲ့ပါစေ.. ဟန်းနီးမွန်း ခရီးထွက်နေတုန်းကို ဖုန်းဆက်တာကတော့ အလွန့်အလွန် ရိုင်းပြလွန်းတာမို့။

ဒါပေမယ့် တစ်ဖက်က လူရဲ့ စကားကြောသည် ထင်ထားတာထက် ရှည်သည်။ ထယ်ရင်းကတော့ တိုတိုတုတ်တုတ် 'အင်း' တစ်လုံးတည်းသာ ဖြေနေပေမယ့် ဖုန်းတစ်ဖက်ကနေ ကြက်တူရွေးလို မရပ်မနား တတွတ်တွတ် ပြောဆိုနေသံကို ကြားလိုက်ရသည်။ အဲ့ အသံက ဟယ်အာ့ ကိုယ်ပေါ် အသေးစား လျှပ်စစ်စီးသွားသလိုမျိုး, နားစည်ကို အပ်နဲ့ထိုးလိုက်သလို နာကျင်လာစေသည်။ ကြားနေကျဖြစ်သော်လည်း ဘယ်တော့မှ ရင်းနှီးလာမှာမဟုတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အသံ။

'ရှီအွန်းချောရှီ...'

ထယ်ရင်းက သူ့ကို ခဏကြည့်လိုက်ပြီးနောက် ဆန့်ကျင်ဘက်မှာရှိတဲ့ ကျောက်သားခြံစည်းရိုးလေးနားကို နေရာရွှေ့သွားသည်။ ကိုယ့်ကို တမင်ရှောင်သွားတဲ့ လူနောက်ကိုတော့ သက်သက် လိုက်သွားစရာ လိုမနေခဲ့ပေ။

သို့ပေသည့် ဟယ်အာ့ နှလုံးသားကတော့ ရုတ်တရတ်ကြီး တဒိတ်ဒိတ် ခုန်သွားရသည်။ ကျန်ရစ်ခဲ့တဲ့ အတိတ်က မှတ်ဉာဏ်တွေက ခေါင်းထဲ ဖြတ်ပြေးသွားလျက်။

အိမ်ထောင်သက် ၂နှစ်လောက်ကြာတော့ ထယ်ရင်းက Rutအချိန်တိုင်း အိမ်မှာမရှိတတ်တာများသည်။ Rut အချိန်တိုင်း ဖြစ်ခဲ့တဲ့ ဒုက္ခတွေကို တွေးကြည့်ရင် သူ အိမ်မှာ မနေတာ မှန်ပါသည်။ ပထမဆုံး Rut က ရုတ်တရတ် သည်းကြီးမည်းကြီး ရောက်လာချိန်တုန်းက ဟယ်အာသည် ဆေးရုံရောက်ပြီး ပါးကို ပြန်ချုပ်လိုက်ရတာကြောင့် ပလတ်စတစ်ဆာဂျရီဌာနအထိပါ ရောက်ခဲ့ရသည်။ ဒုတိယ Rut အချိန်ကျတော့ နှစ်ယောက်သားကြားမှာ တစ်ခေါက်လောက် ဆက်ဆံကြည့်လိုက်ရင် omega အဖြစ်ပြောင်းသွားမလားဆိုတဲ့ ထင်ကြေးနဲ​့ မနိုင်ဝန်ထမ်းခဲ့မိသေးသည်။ .. အဲ့တုန်းကလဲ ဆေးရုံ နောက်တစ်ခေါက် ရောက်လုနီးနီး ဖြစ်သွားခဲ့သေးပေမယ့်။

Beta Test End | ဘာသာပြန်Donde viven las historias. Descúbrelo ahora