အပိုင်း (၁၉)

3.5K 694 101
                                    

[Unicode]

ပြတင်းပေါက်နားမှာပဲ ငြိမ်ငြိမ်လေး မတ်တတ်ရပ်ရင်း နားစွင့်လိုက်သည်။ အခန်းက အသံလုံတော့ ခြံထဲက အသံတွေကို တစ်ခုမှ မကြားရပေမယ့် လှေကားကနေ ဒုတိယထပ်ကို တက်လာတဲ့ ထယ်ရင်းရဲ့ ခြေသံကိုတော့ ကြားရသည်။ ခြေသံက နှေးနေပုံထောက်ရင် အိမ်ထဲကို ပစ္စည်းတွေကို လိုက်ကြည့်နေပုံရသည်။ နှစ်ယောက်တည်း နေဖို့ဆို အရမ်းကျယ်လွန်းတယ်.. ပရိဘောဂတွေကလည်း အကုန်လုံး အိုဗာဖြစ်နေတယ်လို့တွေးပြီး စိတ်တိုင်းမကျဖြစ်နေမလား.., တုန်တုန်ယင်ယင်နဲ့ ရပ်နေတုန်း ခြေသံက ဒုတိယထပ်ကို ရောက်လာသည်။

ပြီးတော့ မိနစ်အနည်းငယ်ကြာသွားပြီးနောက်,

"ဂန်ဟယ်အာရှီ?"

ထယ်ရင်းက သူ့နာမည်ကို ခေါ်သည်။

လက်နှစ်ဖက်နဲ့ ပွယောင်းနေတဲ့ဆံပင်ကို ဖိကာ ပြင်ပြီးနောက် ဧည့်သည်နားခန်းရဲ့ တံခါးဝရှေ့ကို သွားလိုက်သည်။ တံခါးကြားကနေ မျက်လုံးလေး မြင်ရုံလောက်လေး ထုတ်ပြီး ခိုးကြည့်တော့ ထယ်ရင်းက သူတို့နှစ်ယောက်ရဲ့ လင်မယားခန်းထဲကို ကြည့်နေသည်။ ဟယ်အာ့ကို မတွေ့ရလို​့ ဘယ်များရောက်နေသလဲ တွေးနေပုံပင်။

စိတ်ငြိမ်ဆေးရဲ့ အာနိသင်က ကောင်းတော့ကောင်းပုံရသည်။ ခဏတာဆိုပေမယ့် အင်အားကြီး alpha ထယ်ရင်းတောင် သူ့အနံ့နောက် မလိုက်နိုင်ဘူးဆိုတော့။

"ကျွန်တော် ဒီမှာရှိတယ်"

အတတ်နိုင်ဆုံး တစ်လုံးချင်းစီ ပီပီသသ ထွက်သွားအောင် ကြိုးစားပြောလိုက်သည်။

"... ကျွန်တော်ကလေ.. အရမ်း ညဇီးကွက်ဆိုတော့ အခန်းကို သက်သက်ခွဲထားလိုက်တာ။ အပန်းဖြေစံအိမ်လေးက ကျွန်တော့်အလုပ်ခန်း လုပ်မှာဆိုတော့.. အင်း.. အဟွတ်.. အဟမ်း, တစ်ညလုံး သွားလိုက်လာလိုက် လုပ်မှာမို့လို့။ ထယ်ရင်းရှီ အိပ်ပျော်နေတာ ခဏခဏ နှိုးမိမှာစိုးလို့......"

စကားအဆုံးက တဖြည်းဖြည်း တိုးသွားသည်။ အိပ်ငိုက်လို့ ဖြစ်နေသလိုမျိုး ဟန်ဆောင်ရင်း မျက်နှာကို လက်နဲ့ အပေါ်ကနေ ဆွဲပွတ်လိုက်သည်။ သူ့ကို လှမ်းကြည့်နေတဲ့ ထယ်ရင်းကတော့ နဂိုအတိုင်း တည်တည်ငြိမ်ငြိမ်ပင်။ လက်ထဲမှာတော့ သူရင်းနှီးနေတဲ့ ပန်းစည်းကို ဇောက်ထိုးကိုင်ထားသည်။ တောင်လိုပုံနေတဲ့ လက်ဖွဲ့တွေကြားထဲကနေ သက်သက်ခွဲထုတ်ထားတဲ့ ဆရာအင်ပေးတဲ့ လက်ဆောင်လေး မဟုတ်ပါလား။

Beta Test End | ဘာသာပြန်Donde viven las historias. Descúbrelo ahora