အပိုင်း (၂၁)

2.9K 606 126
                                    

[Unicode]

"အကယ်လို့ ထယ်ရင်းရှီက ကျွန်တော်နဲ့ စိတ်မဖြေနိုင်ဘူးဆိုရင်တော့ အဲ့ကျမှ.. အင်း.. ဘယ်တတ်နိုင်မလဲ။ အွန်းချောရှီ ကူပေးမယ်ဆိုလည်း ကျွန်တော် ဝင်စွက်ဖက်မှာ မဟုတ်ဘူး"

တည်တည်ငြိမ်ငြိမ်နဲ့ အမှန်တရားကို ထုတ်​ေပြာနေတဲ့ သူ့ကို ရှီအွန်းချောက တအံ့တဩနဲ့ကြည့်နေသည်။ ယင်ကောင်နဲ့အနှိုင်းခံရတယ်ဆိုပြီး မျက်နှာတွေနီတဲ့အထိ ဒေါသထွက်လိမ့်မယ်လို့ တွေးထားခဲ့ပုံရသည်။ မျှော်လင့်ထားသလို မဖြစ်ပေးနိုင်လို့ အားတော့နာရပေမယ့် အကြိုက်လိုက်ဆောင်ဖို့ ဟယ်အာ့မှာ အားမရှိပေ။

"ကျွန်တော်တို့က လက်ထပ်ထားတာဆိုပေမယ့်.. အော်... စီးပွားရေးအရ လိုအပ်တာဖြည့်ဆည်းပေးမယ့် ပါတနာလို့ပြောရမလား.. အင်း.. ဒီလိုပဲ နှစ်ဦးနှစ်ဖက် ရှင်းပြီးသား ဆက်ဆံရေးပါ။ ထယ်ရင်းရှီကိုတခြား ပါတနာရှာလည်း ကိစ္စမရှိဘူးလို့ ပြောထားပြီးသားကို.... ဟင်? သူ့ဆီက မကြားထားဘူးနဲ့တူတယ်"

စိတ်ထဲရှိတဲ့အတိုင်း ပြောနေရင်းနဲ့ မသိစိတ်တစ်နေရာကနေ မေးခွန်းတစ်ခုဝင်လာသည်။

ရှီအွန်းချော ပြောစကားအရဆိုရင် အချင်းချင်း ယင်ဖမ်းပေးခဲ့ကြတဲ့ ဆက်ဆံရေးပဲ.. ရှီအွန်းချောကို  ယုံကြည်လို့ အတွင်းရေးမှူးအဖြစ် ဘေးမှာထားထားတာလဲ အမှန်ပင်။ ဖလော့ရန့်စ်မှာတုန်းကလည်း တစ်နေ့ကို တစ်ခေါက်လောက်ကတော့ ဖုန်းပြောရတဲ့အထိ ရင်းနှီးတဲ့ ဆက်ဆံရေးမို​့... ။ ထယ်ရင်းနဲ့ ဟယ်အာ့ ဆက်ဆံရေးအကြောင်းကိုလည်း အွန်းချောဆီ ပြောပြထားမယ်လို့ထင်ခဲ့သည်။

ဒါပေမယ်​့ ဘာလို့ ရှီအွန်းချောက လွန်ခဲ့တဲ့၆နှစ်ကအတိုင်း တထပ်တည်းတူတဲ့ စကားတွေကို လာပြောပြီး ရန်လာစနေရသလဲ။

"..... အရေးကြီးတဲ့ကိစ္စကို ဘာလို့ အွန်းချောရှီကို မပြောပြရတာပါလိမ့်"

ဒီတိုင်း ရိုးရိုးသားသား သိချင်လို့သာ မေးလိုက်တာဆိုပေမယ့် လန့်သွားရသည်။ ရှီအွန်းချောက ရှားရှားပါးပါး ဒေါသထွက်သွားသလိုနဲ့ လည်ပင်းတစ်ခုလုံး နီရဲနေတာဖြစ်သည်။ အခုချက်ချင်း ဟယ်အာ့ကို ပါးရိုက်မယ်ဆိုရင်တောင် ယုံလောက်တဲ့ မျက်နှာပေးဖြစ်သည်။

Beta Test End | ဘာသာပြန်Dove le storie prendono vita. Scoprilo ora