[Unicode]
အမှန်အတိုင်း ပြောကြေးဆို သူကြောက်သည်။ လက်သီးနဲ့ တစ်ပါးသူကို ဖိနှိပ်တဲ့ ထယ်ရင်းရဲ့ ပုံစံကို သူကြောက်သည်။ အဲ့ဒီ့လက်တွေနဲ့ အထိုးခံရရင် ဘယ်လောက်တောင် နာကျင်ရသလဲ, အဲ့ဒီ့လက်တွေကနေ ပေးတဲ့ ကံဆိုးမှုနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန် စိတ်ဝိညာဉ်တွေ ဘယ်လိုပုံစံနဲ့ ပြိုကွဲသလဲဆိုတာ သိပြီးသားမို့။
အဲ့ဒါကြောင့်ပဲလား.. ဟယ်အာ့ရဲ့ ဦးနှောက်က အစီအစဉ်တကျ လည်ပတ်မနေပေ။ အခု သူပဲ ရူးသွားတာလား.. ထယ်ရင်းပဲ ထူးဆန်းတဲ့လူအဖြစ် ပြောင်းသွားသလား မသိတော့ပါ။
မောင်းလာတဲ့ကားက ခြံဝင်းထဲ ဖြည်းဖြည်းချင်း ဝင်သွားပြီးနောက် ဂိုဒေါင်ရှေ့မှာ ကားကိုရပ်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်မှာ မှောင်မည်းနေတဲ့ ဥယာဉ်နဲ့ လမ်းမီးတိုင်အချို့ကို မြင်ရသည်။
ဟယ်အာ့ အခြေအနေ ဘယ်လိုနေသလဲဆိုတာ ကြည့်နေတဲ့ ထယ်ရင်းရဲ့ မျက်ဝန်းတွေက ဖိအားလိုပဲ ခံစားရသည်။
မျက်နှာကို သုတ်ပြီးရင်း သုတ်နေပေမယ့် ပါးပြင်နှစ်ဖက်က မျက်ရည်တွေကြောင့် စိုရွှဲနေဆဲ။ ဆက်တိုက် အငိုမတိတ်တာကြောင့် မျက်ခမ်းစပ်တွေ စပ်ပြီး နှာရိုးတွေတောင် နာလာသည်။
"တောင်းပန်ပါတယ် ဟယ်အာရှီ.."
ချောင်းထယ်ရင်းက စကားစသည်။
"နောက်ဆို ဒီလိုမျိုး.... ထပ်မဖြစ်စေရပါဘူး.. ။ ကိုယ် သစ္စာဆိုပါတယ်... အရင်တုန်းကပဲ... အရင်တုန်းကပဲ ဒီလိုဖြစ်ဖူးခဲ့တာ.."
ထယ်ရင်း ပြောချင်နေတာ ဘာအဓိပ္ပာယ်လဲဆိုတာ သူနားလည်ပါသည်။ ချောင်းထယ်ရင်းက ဆိုးလ်တစ်မြို့လုံးမှာတောင် ရှာရခက်တဲ့ အင်အားကြီးalpha ဖြစ်ပြီးတော့ ဘေးနားမှာ လယ်ဗယ်မတူတဲ့ အင်အားနည်းကောင်တွေပဲ ရှိနေခဲ့တာ။ beta နဲ့ မိတ်လိုက်ချိန်ဝင်နေတဲ့ omega ဆိုရင် ဘာမှမဖြစ်ပေမယ့် အင်အားနည်းalpha ကောင်တွေက ထယ်ရင်းကို ကြက်သီးထစရာကောင်းအောင် စိတ်ရှုပ်စေခဲ့ကြသည်။
omega နဲ့ ငြိခါနီးဆို ယင်ဖမ်းတံ ရှီအွန်းချော ရှိသေးလို့ တော်သေး, alpha တွေက ရွံစရာအနံ့တွေထုတ်ပြီး ရန်လာစပြီဆိုရင် ဒေါသမထိန်းနိုင်တာ ထယ်ရင်းပင်။ ထယ်ရင်းရဲ့ ရောဂါက, အကြမ်းဖက်သမားတွေ ဆင်ခြေပေးတတ်တဲ့ ရိုးရိုး ဒေါသမထိန်းနိုင်တာမျိုးမဟုတ်ပေ။ အသိစိတ်ပျောက်သွားတတ်တဲ့အချိန်တွေ များပြီး တခါတလေဆို ဖြစ်ခဲ့တာတွေအကုန် ဘာမှမမှတ်မိတော့လောက်အောင် ဆိုးရွားလွန်းသည်။

YOU ARE READING
Beta Test End | ဘာသာပြန်
RomanceTitle : Beta Test End (Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ) Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth