အပိုင်း (၂၈)

2.6K 423 86
                                    

[Unicode]

ထယ်ရင်းရှီက သူ့ အောက်ပိုင်းတစ်နေရာကို ဘာနဲ့ပဲဖြစ်ဖြစ် ထိုးသွင်းပေးလိုက်ရင် ကောင်းမည်။ သွေးထွက်နာကျင်ရလဲ ကိစ္စမရှိ, ဒီလိုနဲ့ ဆေးရုံရောက်သွားရလဲ အဆင်ပြေတာမို့ ဟယ်အာ့ကို အသုံးချပြီး ထယ်ရင်းရဲ့ ရမ္မက်တွေကို ဖြည်ချပေးမယ်ဆိုရင်.., ဟယ်အာ့ အတွင်းထဲမှာပဲ ပြီးမြောက်ပေးသွားမယ်ဆိုရင်..။ ရွံရှာစရာကောင်းလိုက်တာဆိုပြီး ဆဲဆိုလည်း ကောင်းတာမို့, နောင်ကျမှ နောင်တရပြီး သက်ပြင်းအခါခါချလဲ ဖြစ်တာမို့ ကျေးဇူးပြုပြီး.. သူ့ကို တစ်ခုခု...ပဲဖြစ်ဖြစ်..။

'... အား!! ဒီလိုကြီး ဖြစ်နေတာ မကြိုက်ဘူး .. ဟင့်အင်း'

ဟင့်အင်း.. မုန်းတယ်။ မကြိုက်ဘူး။
ရှက်ရွံ့စရာကောင်းတာတွေ တွေးပြီး ကားထိုင်ခုံပေါ်မှာ ထူးထူးဆန်းဆန်း အရည်တစက်စက်ကျလျက် .. ထယ်ရင်းရဲ့ အရာကို ခံတွင်းထဲ ငုံထားရတယ်လို့ စိတ်ကူးယဉ်ပြီး မသိအောင် ခိုးပြီး လျက်ရတဲ့အဖြစ်ဆိုတာ တကယ်ကို ဟယ်အာ မလိုချင်တဲ့ အဖြစ်အပျက်မျိုးပင်။ မကြိုက်ဘူး.. မကြိုက်ဘူး... ဒါပေမယ့်... အား.. ။ မျက်ရည်တွေ တရစပ် စီးကျလာသည်။

"...ဟယ်အာရှီ.."

ထယ်ရင်းက ဟယ်အာ့ပါးပြင် နှစ်ဖက်ကို ဖွဖွလေး အုပ်ကိုင်လိုက်သည်။ မျက်ရည်တွေရယ်နဲ့ အဖြူရောင် အရည်တွေ ရောထွေးကာ ဗရပွဖြစ်နေတဲ့ မျက်နှာကို ခဏ ကြည့်နေပြီးမှ, ဘောင်းဘီအိတ်ကပ်ထဲက လက်ကိုင်ပဝါကို ထုတ်ကာ ဖြည်းညှင်းစွာ သုတ်ပေးသည်။

တစ်ကိုယ်လုံးက အားတွေ လွတ်ထွက်သွားသလိုမျိုး ပျော့ခွေကာ မျက်လုံး, ပါးပြင်, မေးစေ့မှာ ပေနေတာတွေကို သုတ်ပေးနေတဲ့ ထယ်ရင်းကိုသာ ငေးကြည့်နေမိသည်။

သို့သော် .. အချိန်အတော်ကြာမှ ရောက်လာတဲ့
ရှက်ရွံ့မှုက ပါးကို ဖြတ်ရိုက်လိုက်သလိုပင်။

"ဒီနေ့..ဒီနေ့ လာခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ခေါင်းထဲ စာစီထားတဲ့အတိုင်း တစ်လုံးပြီးတစ်လုံး ပြောပြီး နှုတ်ဆက်လိုက်သည်။ အသံဝင်နေတော့ ထူးဆန်းနေတဲ့ ဟယ်အာ့ စကားသံကို နားထောင်နေရင်း ထယ်ရင်းရဲ့ မျက်နှာအရောင် ပြောင်းသွားသည်။ အဓိပ္ပာယ်မရှိလိုက်တာလို့ တွေးနေတာဖြစ်လောက်မည်။

Beta Test End | ဘာသာပြန်Onde histórias criam vida. Descubra agora