ပိတ်သွားတဲ့ တံခါးကို ခဏကြာလောက် ရပ်ကြည့်နေပြီးနောက် အပြင်ဘက် ဥယာဉ်ကို မြင်ရတဲ့ ပြတင်းပေါက်ဘက် အပြေးလေး သွားလိုက်သည်။ လိုက်ကာနောက်မှာ ပုန်းကွယ်ရင်း ခြံထဲကနေ ထွက်သွားတဲ့ ထယ်ရင်းရဲ့ နောက်ကျောကို ခိုးကြည့်မိသည်။'ကြင်ကြင်နာနာလေး နှုတ်ဆက်ပေးသွားတော့ ဘာဖြစ်တာကျလို့....'
တွေးရင်း နှုတ်ခမ်းမဲ့မိလိုက်တဲ့ ကိုယ့်ကိုကိုယ် သတိထားမိပြီး အံ့ဩရသည်။
'ဘာတွေမျှော်လင့်နေတာလဲ? ခုကတည်းက အသိစိတ် လွတ်နေပြီလား..'
လုပ်ရမယ့်ကိစ္စတွေ အများကြီး ကျန်နေချိန်မှာ ဒါမျိုးတွေ တွေးနေလို့မရဘူး။
ဒီနေကစပြီး အလုပ်တွေများတော့မည်။ အတိတ်က ဂန်ဟယ်အာ ကြိုးကြိုးစားစား လုပ်ခဲ့တဲ့ တနေ့တာကို အဲ့တိုင်းပဲ ထပ်တူ ပြန်လုပ်ပြီး အရင်ကထက် ၂ဆလောက် ဉာဏ်ကောင်းဖို့လိုသည်။
ပထမဦးဆုံးတော့ ညပေါင်းများစွာ ငိုကြွေးပြီး ဆံပင်တွေ အဆုပ်လိုက် ကျွတ်တဲ့အထိ ဆွဲခဲ့တဲ့ ပန်းချီကား ၁၆ချပ်ကို အရင်ဆုံး ပြီးစီးအောင်လုပ်ရမည်။ အဖိတ်ခံရမယ့် Fashion Show ကိုလဲ သွားပြီး မျက်နှာပြရမည်။ လှူဒါန်းရေးပွဲတွေ တက်ပြီး အဖေ့ရဲ့ ဂုဏ်ကို မြှင့်တင်ပေးရင်း.. အစ်ကိုကြီး အီဟယ်နဲ့ မတွေ့အောင်လည်း ရှောင်ရမည်။ ... အာ .. အစ်မ ဟယ်ရင်းတစ်ယောက်တည်း ဦးဆောင်ရမယ့် ပြပွဲကိုလည်း တက်ရောက်ရဦးမည်။ ဟယ်အာ့ကြောင့် ဖြစ်သွားတဲ့ အပြောင်းအလဲတွေအတွက် တာဝန်ယူရဦးမည်လေ။
အဲ့ဒီတော့ ငြိမ်ငြိမ်နေရမယ့်အချိန်မဟုတ်ပါ။ အရေးကြီးဆုံးကတော့ ဒါတွေအကုန်လုံးကို မေ့မသွားခင် 'ဂန်ဟယ်အာရဲ့ အနာဂတ်ပလန်များ'ဆိုပြီး မှတ်တမ်းတစ်ခု ရေးဖို့ဖြစ်သည်။
ငြိမ်ငြိမ်နေရမယ့်အချိန်မဟုတ်....
'ထယ်ရင်းရှီ ထွက်သွားတာလေးပဲ ခဏလောက် ...'
ဥယာဉ်ထဲကိုဖြတ်ပြီး ပျောက်သွားတဲ့ ကျောပြင်ကို ကြက်သေသေသလို ကြည့်နေမိသည်။
ထယ်ရင်းရှိခဲ့တဲ့ အိမ်ကြီးက သူထွက်သွားတာနဲ့ တပြိုင်နက် ခြောက်ကပ်ပြီး အေးစက်လာသည်။ မြင့်မားတဲ့ မျက်နှာကြက်နဲ့ ဧည့်ခန်းက လင်းနေတာတောင် ဘာကြောင့်မှန်းမသိ ဟာလာဟင်းလင်းကြီး ခံစားရသည်။ အိမ်ကြီးကို တစ်ချက်ပတ်ကြည့်ပြီး ဟယ်အာ လှေကားဘက်ကို ဦးတည်လိုက်သည်။
VOCÊ ESTÁ LENDO
Beta Test End | ဘာသာပြန်
RomanceTitle : Beta Test End (ဘယ်တာတက်စ်ပြီးဆုံးခြင်း) Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth