အပိုင်း (၇)

4K 884 30
                                    

[Unicode]

အသက် ၂၆နှစ်အရွယ် ဂန်ဟယ်အာဟာ တစ်ပါးသူတွေ သူ့ကို ချီးမွမ်းကြတယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုလို မှတ်ယူခဲ့သည်။ ပန်းချီဆရာတစ်ယောက်အနေနဲ့ ဆွဲခဲ့သမျှ ကားချပ်တွေတိုင်းဟာ နေ့စဉ် အကောင်းဆုံးရောင်းအားတွေနဲ့ စံချိန်တင်ခဲ့ပြီး သူသာ ဆန္ဒရှိမယ်ဆိုရငခ ဘယ်အချိန်မှာ ဘယ်သူနဲ့ပဲဖြစ်ဖြစ် တွေ့ခွင့်ရှိခဲ့တာကြောင့်ပင်။ လူတိုင်းက သူ့ကို ချီးမွမ်းခဲ့ကြပြီး သူတို့အမှားမဟုတ်လဲဘဲ တောင်းပန်စကား ကြားနိုင်ဖို့က ဟယ်အာ့အတွက် လွယ်ကူခဲ့သည်။ လူတစ်ယောက်ကို စိတ်တိုင်းမကျလိုက်တာနဲ့ အဲ့ဒီ့လူ အလုပ်ချက်ချင်း ပြုတ်သွားနိုင်တဲ့ ဘဝမှာ သူ နေလာခဲ့သည်။

အဲ့အချိန်တုန်းကတော့ ကြီးကျယ်လွန်းတာကြောင့် လူတွေက သူ့ကို ကြောက်ကြတယ်လို့ ထင်ခဲ့ပေမယ့် အခုကတော့ အမှန်တရားကို သိခဲ့ရပြီဖြစ်သည်။ လူကုံထံမိသားစုက အငယ်ဆုံးသားလေးသာ မဖြစ်ခဲ့ဘူးဆိုရင် ဂန်ဟယ်အာဟာ ဒီအကျိုးအမြတ်တွေကို ရနိုင်မှာမဟုတ်ဘူးဆိုတာကိုပေါ့။ သူ့ဘာသာသူ အင်အားနည်း omega အဖြစ် ပြောင်းလဲပါစေ မပြောင်းလဲပါစေ.. ဒီ ဆရာဝန်က သူ့ကို တောင်းပန်စရာ ကိစ္စလဲ ရှိနေမှာမဟုတ်ပေ။

"ရပါတယ်.. တောင်းပန်စရာမလိုပါဘူး"

အဲ့ဒီတော့ သူ လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။ omega ဖြစ်ရတာ အရေးကြီးတယ်ဆိုတဲ့အချက်ကို။ အင်အားနည်းတာမို့ နည်းနည်းတော့ ပင်ပန်းရမယ်ဆိုပေမယ့်လည်း အတိတ်က beta ဘဝနဲ့ ငရဲတွင်းဆင်းရတာထက်တော့ သာသေးသည်။

စိတ်ငြိမ်ဆေး ထည့်ထားတဲ့ ဆေးထိုးအပ်အချို့နဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေ ရေးထားတဲ့ စာရွက်တွေကို ပိုက်ပြီး ကော်ရစ်တာသို့ ထွက်လာခဲ့လိုက်သည်။ အဆက်အသွယ်ရပြီး ကြိုရောက်နေတဲ့ ဒရိုင်ဘာ အိုက သူနာပြုဆရာမလေးနဲ့ စကားပြောလျက်ရှိသည်။

"အိမ်ကို သွားမယ်"

ဟယ်အာ ပြောလိုက်တော့ ဒရိုင်အာ အိုက အထုတ်အပိုးတွေကို အမြန် လှမ်းသယ်သည်။

ဒရိုင်ဘာ အို... ဒရိုင်ဘာ အိုဂေါင်မင်းကို မတွေ့ရတာတောင် ကြာနေပြီမို့ သူ စိတ်ထဲ နည်းနည်း ဝမ်းသာသွားရသည်။ နောက်ဆုံးအနေနဲ့ တွေ့ဖြစ်တာ ဘယ်အချိန်တုန်းကလဲဆိုတာတောင် သေချာမမှတ်မိတော့ပေ။ ဟန်းနီးမွန်းခရီးကနေ ပြန်လာတုန်းက အစ်ကိုကြီးအီဟယ်က ဒရိုင်ဘာ အိုကို သူ့လက်အောက်မှာ အလုပ်လုပ်စေချင်လို့ ခိုးသွားတုန်းက နောက်ဆုံးတွေ့ခဲ့ရတာ ဖြစ်လောက်မည်။

Beta Test End | ဘာသာပြန်Donde viven las historias. Descúbrelo ahora