သူ့အမုန်းနဲ့စတင်သည်

144 15 10
                                    

""""""""""""""""

"မင်း က ငါ့ကိုစွပ်စွဲချင်နေတာလား Arthit..''

သူခုလုပ်နေတာကမှားလားမှန်လားတော့သူမသိ..
ဒါပေမယ့် သူ့passwords ကိုခန့်မှန်းနိုင်မယ့်သူက မေမေ့အပြင်တခြားမရှိပေ...

"ငါ ကမင်းအမေပါ Arthit ရဲ့...မင်းပြောချင်နေတဲ့သဘောကငါ့ကိုသူခိုးလို့.....''

မေမေ့ရဲ့အသံကတိမ်ဝင်သွားသည်..
သို့ပေမယ့် သူဘာလို့ဒီလောက်တည်ငြိမ်နေနိုင်လေသလဲသူကိုယ်တိုင်တောင်မသိပေ...
သူတို့ဘဝမှာဒီအမေနဲ့ဒီသား အပြန်အလှန်ဖေးမရင်းရပ်တည်နိုင်ခဲ့ကြတာဖြစ်သည်....
ခုလတ်တလောမှသဘောထားကွဲလွဲမှုတွေကြောင့်.....
သူလုပ်ရပ်တွေမှားနေသလားဆိုသည်ကိုလည်း
သူမဝေခွဲချင်တော့ပါချေ...

" ကျွန်တော် သွားတော့မယ် မေမေ...မေမေ့ရဲ့ဆုံးဖြတ်ချက်တိုင်းမှန်ကန်နိုင်ပါစေလို့ပဲကျွန်တော်မျော်လင့်တယ်...''

ထပ်ပြောစရာစကားတို့မရှိတော့သည့်အလားသူမေမေ့ရဲ့ရုံးခန်းတွင်းကနေထွက်ခဲ့လိုက်တော့သည်
လက်ထပ်ပွဲပြီးသွားခဲ့ထဲက အလွန်အမင်းရှုပ်ထွေးနှောက်ကျိနေခဲ့သောအတွေးတို့ကို မရှိခဲ့တော့သလိုသဘောထားရင်း
လတ်တလောအရှုပ်အထွေးများကြားထဲက အပြီးသတ်ရုန်းထွက်သွားနိုင်ဖို့ကိုသာသူမျှော်လင့်မိတော့သည်

ကျောခိုင်းထွက်သွားပြီဖြစ်တဲ့ Arthit ရဲ့နောက်ကျောပြင်ကိုကြည့်ရင်း နောင်တတချို့ကို သူမခံစားမိသည်..
ဘာကြောင့်များသူမသားကိုယောက်ျားတစ်ယောက်နဲ့လက်ထပ်ပေးမိလိုက်သလဲ....
သူမရဲ့ရပိုင်ခွင့်တွေကိုတခြားနည်းလမ်းနဲ့လည်းယူလို့ရပါလျက်ကယ်နဲ့....
ဘာလို့များ.....
Kongpob နဲ့လက်ထပ်ပေးမိခဲ့ပါလဲလေ....

ခုတော့....
သူမရဲ့သားကသူမကို
သူခိုးဟုပင်စွပ်စွဲနေလေပြီရော....
သူမတွေးခဲ့သည်က သူမပိုင်ဆိုင်ရမည့်အရာတွေလက်ဝယ်ရောက်ပြီးတာနဲ့ သူမရဲ့သားကိုကွာရှင်းခိုင်းပြီး သူမတို့သားအမိနှစ်ယောက်အေးအေးချမ်းချမ်းနဲ့နေသွားနိုင်တော့မည် ဟူ၍သာ.....

ခုတော့ဖြင့်.....
သူမတို့သားအမိနှစ်ယောက်သာစိတ်ဝမ်းကွဲရပြီကော...

He hate is start (Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ