""""""""""""""""""""""
Kong ရှိရာနေရာနဲ့ မနီးမဝေးက
ဆိုဖာပေါ်မှာတော့
Arthit ရယ် မေမေရယ် Phi Jin ရယ်ရှိနေကြတယ်ဆေးရှိန်နဲ့အိပ်ပျော်နေဆဲ Kong ကတော့
အပြင်ကဖြစ်ပျက်နေသမျှကို
ဘာတစ်ခုမှသိမည်မဟုတ်..သူတို့မှာသာ မီဒီယာတွေရှယ်ယာရှင်တွေနဲ့
လုံးပတ်ချာလည်ကာ အသက်ပင်ကောင်းကောင်းမရှူနိုင်တဲ့အဖြစ်...." မင်းတို့နှစ်ယောက်လက်ထပ်လိုက်ကြတော့...''
"ဗျာ....''
"ရှင်....''
ရုတ်တရက် ထွက်လာတဲ့မေမေ့စကားကြောင့်
အံ့အားသင့်ရသူက သူတို့နှစ်ယောက်လုံးPhi Jin နဲ့ Arthit နဲ့တွဲနေကြတာကိုသိသူက
သိပ်မများလှ...ဒါပေမယ့်
ဒီလိုကိစ္စတွေဖြစ်နေချိန်မှာထလက်ထပ်လိုက်ဖို့က........." ဒါပေမယ့်မေမေ...Kong နဲ့ဒီလိုသတင်းတွေထွက်ခါမှ Phi Jin နဲ့လက်ထပ်လိုက်ရင် ကျွန်တော်က.....
ဘယ်လိုကောင်ဖြစ်သွားမလဲ....''" ငါပြောတာက Kongpob နဲ့မင်းနဲ့
လက်ထပ်လိုက်ဖို့ပြောတာ....
Jin နဲ့မဟုတ်ဘူး....''"မေမေ......''
အလန့်တကြား ဆိုသလိုသူထအော်မိတယ်
သူတို့ရောက်နေတာက ဆေးရုံဆိုတာကို
သူမေ့သွားခဲ့တယ်...
အထူးသီးသန့်ခန်းဆိုပေမယ့်
ကုတင်ပေါ်မှာလူနာဖြစ်တဲ့ Kongpob
လည်းရှိနေသေးတယ်လေ..." ဒါ...ဘယ်လိုမှမဖြစ်နိုင်တာကြီး...''
"ဒါဆို...မင်းတို့ကဘယ်လိုဖြေရှင်းနိုင်ဦးမှာလဲ...မင်းတို့ရဲ့မဖွယ်မရာဓာတ်ပုံတွေရော
Kongpob suicide လုပ်တဲ့ကိစ္စရော
သတင်းတွေပြန့်နေပြီ....
Company ရဲ့ရှယ်ယာတွေလည်းအကုန်ထိုးကျနေပြီ.
မင်းတို့ရဲ့မဆင်ခြင်တဲ့လုပ်ရပ်ကြောင့်
အခုလိုဖြစ်လာရတာမဟုတ်ဘူးလား...''"ဒါပေမယ့်....ကျွန်တော်တို့ကယောက်ျားလေးတွေလေ...မေမေ...ဖြစ်နိုင်တာကိုပဲ
ပြောလို့မရဘူးလား...''Phi Jin ရဲ့ပျက်ယွင်းသွားတဲ့
မျက်နှာကိုကြည့်ပြီး အသည်းအသန်
သူငြင်းမိတယ်...
YOU ARE READING
He hate is start (Zawgyi)
Fanfictionငါတို့ဆုတောင်းတွေ မှားယွင်းခဲ့ကြပုံပါပဲ.... ချစ်နေပါလျက်နဲ့ မုန်းတီးနေရခြင်းက ငါတို့ရဲ့သည်းအူတွေကို ပြတ်ကြွေစေတာမျိုး.... ဘာဖြစ်ဖြစ်........ ချစ်နေကြတာမို့ ငါတို့ထပ်တူကျတဲ့နေ့ ရှိလာဦးမှာပါနော် (Zawgyi &unicode ) ငါတို့ဆုတောင်းတွေမှားယွင်းခဲ့ပုံပါပဲ...