သူ့အမုန်းနဲ့စတင်သည်

136 13 6
                                    

သူဝင်လာခဲ့တော့ အေးဆေးငြိမ့်ညောင်းသည့်သံစဉ်တစ်ခုကသူ့အားကြိုဆိုနူတ်ဆက်နေခဲ့သည်
ဒါပေမယ့် ဂရုမထားအား...
မူးနေပြီဆိုတဲ့ သူ့ရဲ့အိမ်ထောင်ဖက်ကလေးကိုသာနေရာအနှံလိုက်ရှာမိသည်
သူလိုက်ခိုင်းထားတဲ့လူကသာအကြောင်းမကြားခဲ့ရင် သူဒီနေရာကိုရောက်လာမဟုတ်သလို
သူ့ရဲ့အမူးသမားလေးကတခြားကောင်တစ်ကောင်ရဲ့အသားယူခြင်းကိုခံရတော့မှာမလား..

တစ်စုံတစ်ယောက်က အသည်းအသန်လိုက်ရှာနေချိန်
Arthit ကတော့ သူ့ခွက်ထဲကလက်ကျန်လေးကိုကုန်အောင်သောက်ဖို့ကြိုးစားနေတုန်းပဲရှိနေသေးသည်
သူဒီလိုစိတ်လွတ်လက်လွတ်မသောက်ခဲ့တာကြာပြီ..
တော်တော်ကြီးကိုကြာခဲ့ပြီ..
တက္ကသိုလ်ပထမနှစ်ကသာ ကျောင်းအဆောင်ကနေညဘက်လစ်ထွက်ပြီးသူငယ်ချင်းတွေနဲ့ရူးရူးမူးမူးသောက်ခဲ့ဖူးသည်
ဒုတိယနှစ်ကစလို့ သူဟာ မေမေ့ရဲ့အလုပ်တာဝန်တွေကိုခွဲဝေယူခဲ့ရင်းနဲ့နောင်တချိန်မှာအသုံးဝင်သည့်လူဖြစ်အောင်ကြိုးစားခဲ့ရတော့သည်....

"Aoon......''

ချောင်ကျသည့်ဆိုဖာခုံတစ်ခုမှာနေရာကျနေတဲ့
Aoon က ခုထိအရက်ခွက်ကိုလက်ထဲကမချသေး...
သူ့သူငယ်ချင်းဆိုသည်ကတော့ခေါင်းတောင်မထောင်နိုင်တော့

"အွန်း....Kongလား.... ''

မူးနေပေမယ့်သတိမလွတ်သေးသည့် Aoon က သူ့ကိုမော့မကြည့်ပေမယ့်အသံကြားရုံနဲ့တင်သူမှန်းသိနေခဲ့သည်...

"ဘာလို့ ဒီလောက်ထိသောက်ရတာလဲ...''

ဘေးမှာဝင်ထိုင်ရင်းနဲ့ပဲ Aoon ရဲ့လက်ထဲကအရက်ခွက်ကိုသူဆွဲယူလိုက်သည်..
Aoon ကလည်းအသာတကြည်နဲ့ပဲလက်လွှတ်ပေးလာခဲ့သည်

" Kongpob...Khun Kongpob...ငါ.....ငါ စဉ်းစားကြည့်နေတာ...ဘာလဲဆိုတာမင်းမှန်းကြည့်....''

ရီဝေဝေအကြည့်တစ်ခုနဲ့ အာလေးလျှာလေးဖြစ်နေတဲ့အသံ...
Aoon ရဲ့လက်တစ်ဖက်က သူ့ဂုတ်ကိုလာဆွဲထားပြီး မျက်နှာချင်းနီးကပ်ဖို့ကြိုးစားနေလေတယ်..
အဲ့ဒါက နမ်းဖို့တော့မဟုတ်ဘူးပေါ့
သူ့ကိုသဲသဲကွဲကွဲမြင်ရစေဖို့ပဲဖြစ်လိမ့်မယ်...

"အင်း....အိမ်ပြန်ရအောင်နော်...အိမ်ရောက်မှပြောတာပေါ့...''

"ဟင့်အင်း...မင်းအရင်မှန်းကြည့်...မင်းမှန်တယ်ဆိုမှပြန်မယ်...''

He hate is start (Zawgyi)Where stories live. Discover now