သူ့အမုန်းနဲ့စတင်သည်

524 42 3
                                    


""""""""""""

အိပ်ဆေးရှိန်နဲ့အိပ်မောကျနေတဲ့
မျက်နှာငယ်လေးဟာပကတိအပြစ်ကင်းလျက်...

ဒါပေါ့...
အပြစ်က သူ့တစ်ယောက်မှာသာ
ရှိခဲ့ပါသည်....

မရိုးသားစွာတွယ်တာမိခြင်းကို
သူသတိထားမိတဲ့အချိန်မှာ
သူတို့ဟာ အထက်တန်းပဲရှိခဲ့သေးသည်

အတူတူကြီးပြင်းခွင့်ရခဲ့ခြင်းက
ကံကောင်းမှုတစ်ခု

စာကျက်ရင်းအိပ်ပျော်နေသည့်သူငယ်ချင်းလေးကို ခိုးနမ်းမိခြင်းကစ၍
ဝေးသွားကြဖို့အကြောင်းက အနီးလေးမှာသာ....

သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုကိုတွေ့မြင်သွား
ခဲ့တဲ့ဖေဖေ့ရဲ့တောင်းဆိုမှုက တစ်ခုထဲ...

သူဟာဖေဖေ့သားအဖြစ်ရှိနေချင်သေးသ
ရွေ့ သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုကို
ဘယ်သူမှမသိစေရ

ခွင့်လွှတ်ပါ ဖေဖေ...
ကျွန်တော်သူ့ကိုအဆုံးရှူံးမခံနိုင်လို့ပါ...

နှစ်တွေကြာခဲ့လည်း ကျွန်တော်ချစ်တာ
သူတစ်ယောက်ထဲပဲမို့....

မနက်လင်းတဲ့အခါ
သူကျွန်တော့ကိုအပြစ်တင်ချင်တင်မယ်..
မုန်းချင်မုန်းလိမ့်မယ်...

ဒါပေမယ့်
တစ်ခါလောက်တော့ ကျွန်တော်အတ္တကြီး
ပါရစေ

ချစ်ရသူကို တခြားတစ်ယောက်နဲ့
အတူတွဲတွေ့ရမှာက ကျွန်တော့အတွက်
ငရဲတစ်ခုလိုပဲမို့ပါ....

!!!! အရာရာကို အရှူံးပေးပြီး
ချစ်ချင်တဲ့သူပါ Aoon......

အနိုင်ယူပါ....
ပြီးရင်တော့
............ငါ့ကိုပြန်ချစ်ပါ....!!!!

""""""""""""""""""""

"Umm.........''

အိပ်တဲ့အချိန်ကအရမ်းကြာသွားလို့ပဲလား
ကျောပြင်ကညောင်းတောင့်နေတယ်...

ဆိုတော့........
သူ ဘယ်လိုအိပ်ပျော်...ပျော်...

"နိုးရင်လည်းထတော့ Arthit....
အလုပ်နောက်ကျတော့မယ်...''

Kong ရဲ့အသံခပ်တင်းတင်းက
သူ့ဘေးကထွက်လာတယ်...
အဲ့ဒီတော့မှ မနေ့ညကအဖြစ်အပျက်တွေကသူ့
ခေါင်းထဲရောက်လာတော့တယ်....

He hate is start (Zawgyi)Tempat cerita menjadi hidup. Temukan sekarang