သူ့အမုန်းနဲ့စတင်သည်

401 41 6
                                    

"""""""""""""""""

"ဘယ်လိုဖြစ်တာလဲ မေမေ...မေမေကဘယ်လိုလုပ်ပြီး
MD နေရာကိုယူရမှာလဲ...''

Meeting ပြီးတာနဲ့သူပထမဆုံးပြေးလာမိသည့်နေရာသည် မေမေ ရဲ့ရုံးခန်း...
Meeting room ထဲမှာကတည်းက
တုံဏှိဘာဝေ ရှိနေခဲ့သောမေမေ့ကို
အားမလိုအားမရဖြစ်လွန်းစွာ
သူကြည့်နေခဲ့ရတယ်

Kong နဲ့တခြားရှယ်ယာရှင်တွေအပြန်အလှန်ပြောဆိုနေတာကို Kong ဘက်ကတစ်ခွန်းမှဝင်မပြောပေးတဲ့
မေမေ့ကိုသူတကယ်ပဲ အားမရ

" Arthit...... သားမသိသေးတာတွေအများကြီးရှိတယ်
ပြီးတော့ အဲ့ကိစ္စကရှယ်ယာရှင်တွေဆုံးဖြတ်တာ.
မေမေနဲ့ဘာမှမဆိုင်ဘူး...''

မေမေပြောနေတာတွေကို မဟုတ်ဘူးလို့
သူဘာလို့ခံစားမိနေတာလဲ...
မေမေဆိုတာက ပြတ်ပြတ်သားသား နဲ့
မျက်နှာမထောက်ပြောဆိုတတ်သူပါ..
ဒါပေမယ့် ဒီနေ့မေမေကတော့
ရိုးသားမှုရှိမနေဘူးလို့သူထင်နေတယ်..

" ဒါဆို...အဲ့အချိန်တုန်းကမေမေဘာလို့မငြင်းခဲ့တာလဲ...ဒီcompany က Kong ရဲ့အဘိုးစပြီးတည်ထောင်ခဲ့တာမဟုတ်ဘူးလား.. ဒီcompany ကနေ
သူတို့အကျိုးအမြတ်တွေလည်းအများကြီးရခဲ့ပြီးပြီ..
.သူတို့ကအခုမှဘာလို့ Kong ကိုဖြုတ်ချချင်ရတာလဲ...''

"အခုဖြစ်နေတဲ့အကြောင်းအရာတွေက
မင်းတို့လုပ်ခဲ့တာတွေရဲ့အကျိုးဆက်တွေပဲလေ...ဘာလို့တခြားသူတွေကိုအပြစ်တင်ချင်နေတာလဲ...''

စားပွဲကိုလက်နဲ့အသံမြည်အောင်ရိုက်ပစ်လိုက်ရင်းပြောလာတဲ့မေမေဟာ
သူသိတဲ့မေမေဟုတ်ရဲ့လား...

"Company ကိုငဲ့ပြီးကျွန်တော်တို့လက်ထပ်ခဲ့ပြီးပြီလေ
မေမေ...
လက်ထပ်ဖြစ်အောင်လည်း မေမေရော
သူတို့ရောတိုက်တွန်းခဲ့ကြတာပဲ....
အခုကျတော့ Kong ကိုရာထူးက
ဖယ်ပေးစေချင်နေတယ်..
တကယ်ပဲ...ကျွန်တော်တို့ဖြစ်ခဲ့တဲ့ကိစ္စတွေက ရိုးသားရဲ့လားမေမေ...
Kong ကိုဖြုတ်ချချင်လို့တစ်ယောက်ယောက်ကကြံစည်ခဲ့တာများလားလို့
ကျွန်တော်သံသယဝင်ချင်လာပြီ...''

"Arthit......မင်းအခုဘယ်သူ့ကိုပြောချင်နေတာလဲ...''

"မေမေလို့ကျွန်တော်မပြောသေးပါဘူး...
ကျွန်တော်ကခန့်မှန်းကြည့်ရုံလေးပါ..
တကယ်လို့ MD ရာထူးကိုယူတော့မယ်လို့ဆုံးဖြတ်ပြီးရင်လည်းကျွန်တော်တို့သားအမိနှစ်ယောက်ကိုလမ်းပေါ်ကနေကယ်ပေးခဲ့တဲ့
Khun Athina ကိုပြန်ပြီးအမှတ်ရပေးပါ
မေမေ..''

He hate is start (Zawgyi)Where stories live. Discover now