""""""""
"
Khun Karai...... အမ်း...သူက Saraburi မှာမွေးခဲ့တယ်ဆိုပေမယ့် သူ့ရဲ့မွေးစာရင်းကိုတော့ရှာမတွေ့တော့ဘူး ပြီးတော့သူ့ရဲ့မှတ်တမ်းတွေထဲမှာ သူ့အဖေရဲ့နာမည်မရှိဘူး...မသိရင် တမင်ဖျောက်ဖျက်ထားသလိုနဲ့...
အာ....နောက်ထပ်တစ်ခုက မင်းရဲ့ယောက်ျားမှာ လည်းအဖေမရှိဘူးဟ..မင်းယောက္ခမအကြောင်းစုံစမ်းရင်းနဲ့ ငါလည်း လမ်းကြုံလို့စစ်ဆေးလိုက်မိတာ..သူ့မွေးစာရင်းမှာအဖေနာမည်မရှိနေဘူး.ပြီးတော့ သူ့ကိုမွေးခဲ့တာကချင်းမိုင်ရဲ့ဆေးရုံလေးတစ်ခုမှာပဲကွ....''''ဘာရယ်.....''
စာရွက်တွေကိုလှန်လှောနေသံတွေကို သူ့ဘက်ကရှင်းရှင်းလင်းလင်းကြားနေခဲ့ရပြီး
Josh ကအဓိကအချက်တွေကိုရှာနေခဲ့ပုံပေါ်သည်...
သူကတော့ကြားလိုက်ရတဲ့စကားနဲ့တင် ကြောင်အအ...Aoon ကအဖေမရှိဘူး...
မွေးစားရင်းထဲမှာ အဖေနာမည်ရှိမနေခဲ့ဘူး...ဒါက ဘာအဓိပ္ပါယ်လဲဆိုတော့....
သူ့Aoon က သူ့အဖေကိုတစ်ခါလေးမှတောင် မသိခဲ့ မတွေ့ဖူးခဲ့ ဘူးပေါ့...
မထူးဆန်းတော့ပါ....
Aoon က သူ့အဖေရဲ့ရုပ်ကိုမမှတ်မိဘူးလို့ပြောခဲ့တာက ထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပေ...
Aoon နှင့်နှစ်ပေါင်းများစွာရင်းနှီးခင်မင်လာသည့်သူငယ်ချင်းတစ်ယောက်အနေနှင့်တောင်သူဟာဒီကိစ္စကိုမသိရှိခဲ့ရခြင်းက သာ၍တောင်မထူးဆန်းလိုက်သေး"သူ ( မ )အထက်တန်းအောင်ပြီးတော့ သူ့အမေဆုံးသွားတယ် ပြီးတော့ကျောင်းတက်ဖို့ဘန်ကောက်ကိုရောက်လာတယ်...အမ်....ထပ်ပြီးအံ့သြစရာ က သူက မင်း အမေ တို့မိသားစုဘက်ကပေးတဲ့ပညာသင်ဆုနဲ့တက္ကသိုလ်တက်ခဲ့တာပဲကွ..ဘယ်လိုဖြစ်တာလဲ..
"''..........''
Josh ရဲ့စကားသံမှာမယုံနိုင်ခြင်းတို့ရောပါနေကာ
သူသည်လည်းမယုံနိုင် ဖြစ်နေသည်သူ့ အဘိုးကနေစပြီး သူ့မေမေလက်ထက်ထိ စီးပွားရေးမေဂျာနဲ့သက်ဆိုင်သည့် ပညာသင်ဆုကို
နှစ်တိုင်းပေးလေ့ရှိခဲ့သည်...
Aoon သည်ပင်လျှင်ထိုပညာသင်ဆုဖြင့်ဘွဲ့ရခဲ့သည်မဟုတ်လား...
တစ်ခုရှိတာက သူတို့ပညာသင်ဆုပေးခဲ့သည့်ကျောင်းသားတိုင်းကို သူတို့ရဲ့ကုမ္မဏီမှာသာ အလုပ်သင်ဆင်းစေပြီး
အလုပ်ပေးခဲ့သည်လေ....ဒါက အစဉ်အဆက်လိုဖြစ်ပြီး တစ်ခါမှပျက်ယွင်းဖူးခဲ့တာမရှိ.ချွင်းချက်ဆိုတာတောင်မရှိခဲ့ဖူး...
ဘိုးဘိုးရဲ့အလုပ်ထဲမှာလူယုံမွေးသည့်နည်းလမ်းက ဒီနေ့ထိအောင်မြင်နေဆဲဖြစ်ပြီး လူနည်းစုကသာ ပိုကောင်းတဲ့အလုပ်တွေဆီပြောင်းရွှေ့သွားခဲ့ဖူးသည်
Khun Karai က ဘယ်လိုလုပ်ပြီး အလုပ်မဝင်ခဲ့ပဲနဲ့ ကလေးတစ်ယောက်နဲ့ဆင်းရဲပင်ပန်းစွာလမ်းဘေးရောက်နေခဲ့သည်လဲ...
မဟုတ်မှ ကျောင်းပြီးအောင်မတက်ခဲ့လို့များလား..
YOU ARE READING
He hate is start (Zawgyi)
Fanfictionငါတို့ဆုတောင်းတွေ မှားယွင်းခဲ့ကြပုံပါပဲ.... ချစ်နေပါလျက်နဲ့ မုန်းတီးနေရခြင်းက ငါတို့ရဲ့သည်းအူတွေကို ပြတ်ကြွေစေတာမျိုး.... ဘာဖြစ်ဖြစ်........ ချစ်နေကြတာမို့ ငါတို့ထပ်တူကျတဲ့နေ့ ရှိလာဦးမှာပါနော် (Zawgyi &unicode ) ငါတို့ဆုတောင်းတွေမှားယွင်းခဲ့ပုံပါပဲ...