သူ့အမုန်းနဲ့စတင်သည်

251 18 3
                                    

"""""""""""""

Kong ရဲ့ project  အသစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ ရှယ်ယာရှင်တွေရဲ့ သဘောတူညီချက်ရဖို့ အလုပ်ရှုပ်နေရတာနဲ့တင် နေ့က်တိုင်းကမအားလပ်ပေ....

နည်းပညာအဖွဲ့နဲ့အတူ
လိုအပ်နေသေးသည်များကိုပြန်လည်ပြင်ဆင်မွန်းမံပြီးနောက် ပစ္စည်းအသစ်က ပိုပြီး  ပြီးပြည့်စုံလာပြီလည်းဖြစ်သည်

နှစ်ဆယ့်လေးနာရီမှာနာရီနှစ်ဆယ်လောက်က အလုပ်တွေနဲ့ပြည့်နေပြီး ညဘက်မှာတောင်အလုပ်တွေကမပြီးမစီးနိုင်....
MD ဖြစ်တဲ့ Kongpob တင်မကပဲ သူ့လက်ထောက်ဖြစ်တဲ့
Arthit ပါ ဖြောင့်ဖြောင့်မအိပ်နိုင်ပေ..

တစ်နေ့လုံး Meeting တွေနဲ့ပြည့်နေပြီး ညဘက်ကျရင်တော့ ပြည်ပ ကုမ္မဏီခွဲတွေနဲ့ vedio call ပြောကာ
Meeting ထပ်လုပ်သည်..
အလုပ်ရဲ့ဖိစီးမှုတွေကြောင့်ပဲ Kongpob ခမျာ ဒီရက်ပိုင်းအတွင်းပိုပြီးပိန်လာသည်..

"Kong နေ့လည်စာ...''

"Aoon ပဲစားလိုက်တော့....ငါ ဒါလေးပြီးပြတ်အောင်လုပ်လိုက်ဦးမယ်...''

Mac book တစ်ဖက် စာရွက်တွေတစ်ဖက်နဲ့ Kongpob က မနက်စာတောင်စားချိန်မရခဲ့ဘူးဖြစ်သည်
အိပ်ရာထထဲကကုမ္မဏီကိုအပြေးလာပြီး Meeting အတွက်ပြင်ဆင်သည်...
Aoon ကိုတော့ဖြင့်အလုပ်တွေပိမနေစေချင်တာကြောင့်ရုံးတက်ချိန်မှသာလာစေသည်...
ဒီရက်ပိုင်း Aoon လည်းသူ့နည်းတူပင်ပန်းရှာသည်လေ...

"အဲ့ဒါတွေခဏထားလိုက်...မင်း ဒီလိုနဲ့ နေမကောင်းဖြစ်တော့မယ်...''

Mac book ကိုပိတ်ချလိုက်ပြီး စာရွက်တွေကိုဘေးတွန်းဖယ်လိုက်ကာ Kong ကိုဆွဲထူလိုက်တာကပိုင်စိုးပိုင်နင်းဆန်သွားသလားတော့ Arthit မသိပါ...
ဒီလိုမှမလုပ်ရင်လည်း နေ့လည်စာကိုကျော်လွန်ပြီး ညစာနဲ့ပေါင်းစားရတော့မည်...

သူ့ရဲ့လက်ဖျံကိုဆုပ်ကိုင်ထားတဲ့ Aoon ရဲ့လက်ကိုကြည့်ပြီး Kong မှာပင်ပန်းနေသည့်ကြားထဲကကျေနပ်ပျော်ရွင်မိသည်....
ဒီလိုလေး...
ဒီလိုလေးပဲဘဝတစ်လျှောက်လုံးဖြတ်သန်းသွားရလျှင်...

"ထိုင်...ငါ ဆယ်လ်မွန်ငါးချဉ်စပ်ဟင်းနဲ့ ကြာဇံသုပ်ဝယ်လာတယ် မင်းကြိုက်တယ်မလား...''

He hate is start (Zawgyi)Where stories live. Discover now