သူ့အမုန်းနဲ့စတင်သည်

503 36 13
                                    

"""""""""""""

...
ဒါပေမယ့် ခုတစ်ခေါက်ကတော့အေးစက်တာပါပိုလာသလိုပဲ...

Kong ရဲ့မျက်နှာပေါ်က အေးစက်မှုက
သူ့ကိုပါလာရိုက်ခတ်နေတယ်...

စကားစပြောဖို့ကြိုးစားချင်ပေမယ့်လည်း
သူတို့နှစ်ယောက်ကြားမှာ အလုပ်နဲ့ပတ်သက်တဲ့စကားပဲပြောစရာရှိတာမို့နူတ်ဆိတ်နေတာကအကောင်းဆုံးပဲလို့တွေးမိတယ်

အရင်ကဆိုရင်
Kong America မှာနေတာတောင်
V C နဲ့ သူ့အကြောင်းကိုယ့်အကြောင်း
အပြန်အလှန်ပြောဖြစ်ကြသေးတယ်..

ခုကျ....
လက်ထပ်ထားတယ်ဆိုတဲ့ကိစ္စကြီးက
သူတို့ကြား ရင်းရင်းနှီးနှီး မရှိစေတော့ဘူး..

အတူတစ်ခန်းထဲနေနေကြပေမယ့်
အလုပ်စကားအပြင်အပိုစကားထပ်မပြောမိကြတော့...

"Aoon....ငါတို့အရင်ကသွားသွားစားတဲ့
ကျောင်းနားကခေါက်ဆွဲဆိုင်သွားရအောင်...''

စကားစပြောမယ်မထင်တဲ့ Kong က
သူ့ကိုမထင်မှတ်တဲ့စကားကိုစပြောတယ်..
လှည့်ကြည့်လိုက်တော့ ခုနကလိုအေးစက်တဲ့မျက်နှာထားမဟုတ်တော့ဘူး...

"အင်း.. သွားတာပေါ့..ဒီအချိန်ထိဖွင့်ပါဦးမလားတောင်မသိတော့ဘူး...''

11 နာရီကိုညွန်ပြနေပြီဖြစ်တဲ့လက်တံကို
ငုံ့ကြည့်ရင်းပြောလိုက်တယ်...

ကျောင်းဆိုတာက သူတို့အတူတက်ခဲ့တဲ့
အထက်တန်းကျောင်းဆိုတော့
သူမရောက်ဖြစ်တာမှအတော်ကြီးကြာနေပြီ...

အထက်တန်းပြီးသွားထဲကမရောက်တော့တာလို့တောင်ပြောလို့ရတယ်...

"မင်း အဲ့နာရီကိုပဲဝတ်ထားတုန်းလား..
ကြာပဲကြာနေပြီကို...''

အကြောစိမ်းလေးတွေမြင်နေရတဲ့
ဖြူဝင်းတဲ့လက်ဖျံမှာပတ်ထားဆဲနာရီကို
ကြည့်မိတော့ သူ့ရင်ထဲနွေးကနဲ...

သားရေကြိုးအမည်းလေးနဲ့နာရီက
သူ America သွားခါနီးပေးခဲ့တဲ့
လက်ဆောင်...

အဲ့နာရီနဲ့ထပ်တူညီတဲ့နာရီတစ်လုံးကိုတော့ ဒီပြန်ရောက်တော့မှသာ
သူ့လက်ကဖြုတ်ပြီးသိမ်းဆည်းထားခဲ့သည်...

He hate is start (Zawgyi)Wo Geschichten leben. Entdecke jetzt