""""""""""""""""""""""
ဒါ.....ဒါ.....
သေစမ်း...
သူ့အောက်နူတ်ခမ်းကို ကိုက်ဆွဲနေတဲ့
Kongpob....သောက်လာတဲ့အရက်ရဲ့အရသာက
သူ့ပါးစပ်ကိုပါကူးစက်ကုန်ပြီ...
သူ့မျက်နှာကိုပယ်ပယ်နယ်နယ်ချုပ်ကိုင်ပြီးစိတိတိုင်းကျ နမ်းနေတဲ့ Kongpob ဟာ လွတ်ပေးမယ့်ပုံမပေါ်..လူကိုယ်ပေါ်အဖိခံထားရတာအပြင်
သည်းကြီးမဲကြီး အနမ်းခံနေရတဲ့အဖြစ်ကသူ့ကိုငိုချင်စိတ်တောင်ပေါက်နေစေပြီ...ဒီ Kongpob က အရက်မူးရင် ဘေးကလူကိုနမ်းတတ်တဲ့အကျင့်ရှိနေတာလား...
ယောက်ျား ချင်းအနမ်းခံနေရတဲ့အဖြစ်က
သူ့မှာသေလိုက်တော့...
ဆိုတဲ့စကားအပြင်ပြောစရာမရှိတော့ဘူး..
Kongpob ကိုတွန်းထုတ်ဖို့ကြိုးစားနေတုန်းမှာပဲ
မျက်လုံးထောင့်ကနေလူရိပ်တစ်ခုကိုအစွန်အဖျားလေးမြင်လိုက်ရတယ်..မျက်စိရှေ့ကကွယ်နေတဲ့ Kongpob ရဲ့ဆံပင်တွေကြားကနေသေချာကြည့်လိုက်တော့...
အဒေါ်ကြီးရယ်လေ...
သူမပါးစပ်နဲ့သူမ လက်နဲ့အုပ်ပိတ်လို့
မျက်လုံးပြူးကြီးနဲ့...သူတို့နှစ်ယောက်ကိုအထိတ်တလန့်ကြည့်နေလေရဲ့...
သေပြီ...
ဒီလိုပုံစံကြီးနဲ့ .....
အား....
သူသွေးပျက်နေတုန်းမှာပဲ
အဒေါ်ကြီးဟာသူတို့ကိုလျစ်လျူရှုပြီးပြန်ထွက်သွားလိမ့်မယ်လို့သူမထင်ခဲ့ဘူး...
မဟုတ်ဘူးလေ..
သူ့အပေါ်က ဒီအမူးသမားကိုနည်းနည်းပါးပါးလောက်လေးဆွဲခွာပေးပါလား...Kongpob ရဲ့ပခုံးကိုအဆက်မပြတ်ထုနှက်ရင်းနဲ့ လွတ်လိုလွတ်ငြားရုန်းကန်မိတယ်...
အမူးသမားကတော့ နာကျင်မှုဆိုတာဘာလဲသိသေးရဲ့လား..
သူဒီလောက်ထိထုနေတာတောင်မှသူ့ရဲ့ချုပ်ကိုင်အားကလျော့ကျမသွားသေးဘူး
သူတို့ရဲ့နူတ်ခမ်းချင်းကဆက်သွယ်နေကြတုန်းပဲ...
ပိုဆိုးတာက.....
သူပြောတောင်မပြောချင်တော့ဘူး...
တစ်စုံတစ်ယောက်ရဲ့လျှာကသူ့ခံတွင်းထဲလှည့်ပတ်မွှေနှောက်နေတာ..
အန်တောင်အန်ချင်လာပြီ...
YOU ARE READING
He hate is start (Zawgyi)
Fanfictionငါတို့ဆုတောင်းတွေ မှားယွင်းခဲ့ကြပုံပါပဲ.... ချစ်နေပါလျက်နဲ့ မုန်းတီးနေရခြင်းက ငါတို့ရဲ့သည်းအူတွေကို ပြတ်ကြွေစေတာမျိုး.... ဘာဖြစ်ဖြစ်........ ချစ်နေကြတာမို့ ငါတို့ထပ်တူကျတဲ့နေ့ ရှိလာဦးမှာပါနော် (Zawgyi &unicode ) ငါတို့ဆုတောင်းတွေမှားယွင်းခဲ့ပုံပါပဲ...