သူ့အမုန်းနဲ့စတင်သည်

222 11 2
                                    

"""""""""""""

"Khun ရှာခိုင်းလိုက်တဲ့မှတ်တမ်းတွေ....''

Memory stick လေးကသူ့ရှေ့ကိုရောက်လာသည်။

Laptop မှာတပ်ဆင်လိုက်ပြီးအထဲက ဖိုင်တွေကိုတစ်ခုခြင်းဖွင့်ကြည့်လိုက်သည်။
Khun Karai နဲ့လူတစ်ယောက်တွေ့နေသည့်အပိုင်းအစမှတ်တမ်းများ.....
ရက်စွဲတွေက မေမေတို့မတော်တဆမှုမဖြစ်ခင်တစ်လအလိုခန့်ကစသည်။

Thai ကိုသူပြန်ရောက်လာထဲက မတော်တဆမှုအတွက်စုံစမ်းခဲ့ပေမယ့်
တစ်ဖက်
ကားသမားကိုလည်းအလွယ်တကူဖမ်းမိခဲ့တာကြောင့် ဘာမှထွေထွေထူးထူးမတွေးမိခဲ့ ...
ဘရိတ်ပေါက်လာသည့်ကားက ဖေဖေနဲ့မေမေနှစ်ယောက်ရှိနေသည့်ရပ်ထားတဲ့ကားကိုဝင်တိုက်ခြင်းက အစစ်အမှန်မတော်တဆမှုလို့ထင်ခဲ့မိတာကြောင့်လည်းပါသည်ဆိုပါတော့လေ။

မေမေ့ဒရိုင်ဘာဟောင်းနဲ့သာမတွေ့ခဲ့ရင်ဒီကိစ္စကကောင်းကောင်းကြီးဖုံးကွယ်ခံလိုက်ရမည်သာ။
သိခဲ့ရသည့်နောက်မှာတော့ မတော်တဆမှုမတိုင်ခင်က Khun Karai ဘယ်သွားခဲ့လဲဘယ်သူနဲ့တွေ့ခဲ့လဲဘာတွေပြောခဲ့လဲဆိုသည်ကအစပြန်စုံစမ်းဖို့အဖွဲ့တစ်ခုကိုဆက်သွယ်ငှါးရမ်းခဲ့သည်။
လက်ရှိအချိန်မှာရောဘာတွေထပ်ကြံစည်နေသေးသလဲစုံစမ်းဖို့ရောပါသည်။

မတော်တဆမှုဖြစ်ပြီးတော့မေမေ့ဒရိုင်ဘာကအလုပ်မှထွက်သွားခဲ့ပြီးသက်သေထွက်ဆိုဖို့အတွက်သာရောက်လာခဲ့သည်။
ကားကိုခဏရပ်ထားခဲ့ပြီး မေမေ့အတွက်ကော်ဖီတစ်ခွက်ဆင်းဝယ်ခဲ့ပါသည်တဲ့ ။
ကားကိုလည်းလမ်းစည်းကမ်းနဲ့အညီရပ်ထားခဲ့ပြီး အထဲမှာစောင့်ဆိုင်းရသည်ကြောင့်အနည်းငယ်ကြာမြင့်ခဲ့ချိန်မှာမတော်တဆမှုကဖြစ်ပွားခဲ့သည်။
အထဲမှာပင်လယ်စာတွေသယ်ဆောင်လာသည့်အအေးခန်းကားက ဖေဖေနဲ့မေမေရှိနေသည့်ကားအနောက်ခန်းကိုမေမေ့ဘက်ကနေအရှိန်ပြင်းစွာဝင်တိုက်ခဲ့တာဖြစ်သည်။
ထို့အတွက်ကြောင့်မေမေကတော့နေရာမှာတင်ဆုံးပါးသွားခဲ့ပြီးဖေဖေကတော့လတ်တလောမနိုးထနိုင်သည့်အနေအထား...

ထိုဒရိုင်ဘာနဲ့Khun Karai နဲ့တွေ့ခဲ့သည်ဆိုသည့် cctv မှတ်တမ်း...
ထိုအချိန်က မေမေ့အရင်ဒရိုင်ဘာက တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။ အလုပ်ချိန်အပြီး
အိမ်သို့ပြန်ရာမှာကားတစ်စီးကတမင်သက်သက်ဝင်တိုက်ခဲ့သည်ဟု ထိုသူကဆိုလာခဲ့သည်။
ခြေထောက်ရိုးကျိုးသွားခဲ့ပြီးအလုပ်မှယာယီရပ်နားခဲ့ရသည်။

You've reached the end of published parts.

⏰ Last updated: Jul 13, 2021 ⏰

Add this story to your Library to get notified about new parts!

He hate is start (Zawgyi)Where stories live. Discover now