He

675 107 22
                                    

(ZawGyi Ver)

Kyungsooမနက်​နိုးလာ​တော့
ခါးကိုတင်းကြပ်​စွာဖက်​ထားသည့်
လက်​တစ်​စုံ​ကြောင့်​လှည့်​ကြည့်​လိုက်​​တော့
နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေသည့်​Kim Kai...
မ​နေ့ညကကျွန်​​တော့်​ကိုထားပြီးထွက်​သွား
တာမလား? အခုဘယ်​လိုဖြစ်​ပြီး​ဘေးကို
ရောက်​လာတာလဲ?

စဉ်းစားရခက်​​နေတုန်းသူကလှုပ်​လာတာ
မလို့မျက်​လုံးပြန်​မှိတ်​ကာငြိမ်​​နေလိုက်
သည်​။ သို့​သော်​အချိန်​​တော်​​တော်​ကြာတဲ့အထိ
ဘာသံမှမကြားရ၍ပြန်​ကြည့်​လိုက်​​တော့~~~
သူက​ခေါင်းအုံး​ပေါ်​မှောက်​လျက်​ပြန်​စက်​​တော်
ခေါ်​နေပြန်​သဖြင့်​ကျွန်​​တော်​​ခေါင်းရမ်းလိုက်​ရင်း
ခါး​ပေါ်ကသူလက်​​တွေကိုဖြုတ်​​နေတုန်းအားနဲ့
ဆွဲလိုက်​တာ​ကြောင့်​သူ့ရင်​ဘတ်​​ပေါ်ထပ်​လျက်
သားလဲကျသွားသည်​။ ။

"​မောင်​အိပ်​​နေတာကိုမ​နှောင့်​ယှက်​နဲ့
ငြိမ်​ငြိမ်​​နေDo kyungsoo"

"အိပ်​ချင်​ရင်​မင်းဘာသာ
ဆက်​အိပ်​​​​လေ!! ငါကိုမဖက်​ထားနဲ့!!
အသားချင်းထိတာမကြိုက်​ဘူး"

ကျွန်​​တော်​​ပြောမှသူကပိုအရွဲ့တိုက်​ကာ
ကိုယ်​ကိုတစ်​ပတ်​လှည့်​ပြီးသူ့ခန္ဓာကိုယ်​ကြီးနဲ့
ဖိထားလိုက်​တာ​ကြောင့်​ကျွန်​​တော်​ကဘိန်းမုန့်​လို
သူ့အောက်​တွင်​ပြားကပ်​သွားသည်​။ ။
ခြေ​ထောက်​ကအသုံးပြုလို့မရတာမလို့
လက်​ကိုသာသုံးရင်းထုရိုက်​​နေ​သော်​လည်း
Kim Kaiဆိုသူမှာသံမဏိပမာ
အ​ကြောမာမာဖြင့်​ဆက်​အိပ်​​နေ၏။ ။

"အင့်​...လွှတ်​​ပေး!!
Kim Kai!!"

"​မောင်​လို့​ခေါ်ရင်​လွှတ်​​ပေးမယ်​"

"ဘာ!!"

"မကြားဘူးလား? ဒါမှမဟုတ်
ထပ်​​ကြားချင်​လို့လား?"

သူနဲ့စကားပြိုင်​မ​ပြောနိုင်​​တော့၍
ကျွန်​​တော့်​သက်​ပြင်းချကာဟိုဘက်
လှည့်​အိပ်​လိုက်​သည်​။ ။ အမြဲတမ်း
သူ့စိတ်​... သူ့အတ္တ... သူ့လုပ်​ချင်​တာ
ကိုသာ​ရှေ့တန်းတင်​တယ်​!! ကျွန်​​တော့်​ကိုဆို
မြူ မှုန်​တစ်​မှုန်​​လောက်​​တောင်​အ​ရေးမလုပ်​ဘူး!!
ချစ်​တယ်​လို့မ​ပြောပဲနဲ့​မောင်​လို့​ခေါ်ရ​အောင်
ကျွန်​​တော်​ကအဲ့​လောက်​​ဈေး​ပေါ​နေသလား?
ကိုယ့်​ကိုကိုယ်​​တွေးရင်းသိမ်​ငယ်​လာတာ​ကြောင့်
ခေါင်းအုံးဖြူ ဖြူ ​လေး​ပေါ်မျက်နှာအပ်​ရင်း
ငိုရှိုက်​မိ​တော့သူကစိတ်​မရှည်​သလို
ဆံပင်​​ကိုထိုးဖွကာထသွားသည်​။

Dearest He S2(Kaisoo Yaoi)Where stories live. Discover now