(ZawGyi Ver)
ဒီရက်ပိုင်းKaiကသူ့အလုပ်ကိစ္စတွေနဲ့
ရှုပ်နေတာကြောင့်အိမ်တွင်အမြဲမရှိ...
အခုလဲအပြင်ကပြန်ရောက်ချင်းချင်း
အခန်းထဲဝင်ကာဘာလုပ်လို့လုပ်နေမှန်းမသိ
ကြာတော့Kyungsooလဲတစ်ယောက်တည်း
ပျင်းလာတာမလို့ခြံထဲသာဆင်းလာလိုက်သည်။
မိုးရွာထား၍စိုထိုင်းထိုင်းဖြစ်နေတဲ့
မြက်ခင်းပေါ်ခြေထောက်တင်လိုက်ရင်း
ခုံလေးပေါ်တင်နေသည့်စိမ်းဝါရောင်
Four leaf Cloverလေးကို
လှမ်းယူလိုက်တယ်။ ။"ဦးကြီးခြံထဲကအပင်တွေရေလောင်းဖို့
မေ့နေတာသခင်လေးသိရင်ဆူတော့မှာပဲ""သွားလောင်းလေကျွန်တော်ဒီမှာပဲ
ထိုင်စောင့်နေမယ်""ဒါပင်မဲ့သခင်လေးက"
"ဦးကြီးကကျွန်တော့်ကို
မယုံဘူးလား?"Kyungsooမျက်မှောင်ကြုတ်လျက်
ပြောမှဦးကြီးကဘာမှဆက်မပြောတော့ပဲ
ကုပ်ကုပ်လေးထွက်သွား၏။ ။
ငယ်ငယ်တုန်းကရောအခုရောဦးကြီးက
အတူတူပင်~~~ Kyungsooမျက်နှာလေး
တစ်ချက်ပျက်တာနဲ့ကမ္ဘာပျက်သလိုပြာပြာသလဲ
လိုက်ချော့သည်။ ။ လူရိုးကြီးမလို့အိမ်တော်ထိန်းတွေ
အားလုံးထဲမှာဦးကြီးကိုKyungsooအချစ်ဆုံး
ဖြစ်၏။ ။ခြံထဲမှာသီချင်းညည်းရင်းရေလောင်းနေသည့်
ဦးကြီးကိုသဘောကျစွာကြည့်လိုက်ရင်း
အပေါ်ထပ်ကယူလာသည့်Diaryစာအုပ်လေးကို
ဖွင့်လိုက်သည်။ ကြာပြီဖြစ်တာကြောင့်စာရွက်တွေက
ဟောင်းနွမ်းနေ၍တစ်ရွက်ချင်းလှန်လိုက်သည်။
စာမျက်နှာတိုင်းမှာနေ့စွဲသာရှိပြီးကျန်တာက
ဗလာသက်သက်~~~
Kyungsooဘဝလိုမျိုးပေါ့
ဘဝကြီးကရှင်လျက်နဲ့
အဓိပ္ပါယ်မဲ့နေတာ။ ။"Kyungsoo hyung?"
ခေါ်သံနဲ့အတူနီးကပ်လာသည့်မျက်နှာကြောင့်
ရေးလက်စစာအုပ်တောင်ပြုတ်ကျသွားသည်။
အိမ်ကိုတစ်ခါမှလူစိမ်းမလာဘူးတာကြောင့်
ကြောက်စိတ်ဝင်လာ၍လက်ထဲကဘောပင်ကို
ခပ်တင်းတင်းဆုပ်ကိုင်းထားမိတော့ထိုလူက
ခပ်သဲ့သဲ့ရယ်၏။ ။
YOU ARE READING
Dearest He S2(Kaisoo Yaoi)
RomanceDo kyungsoo:Four leaf cloverကမင်းကြောင့် ဖြစ်တည်လာတယ်ဆိုရင်အဲ့Cloverတွေကို ငါမလိုချင်တော့ဘူးJongin... Kim jongin:ခင်ဗျားဘဝကရုပ်သေးရုပ်လိုမျိုးပဲ မောင်ကြိုးဆွဲရာကိုအမြဲကနေရမှာ!! ခင်ဗျားမှာ ငြင်းပိုင်ခွင့်ဆိုတာမရှိဘူး... (ZawGyi+U...