Dear Santa

304 63 14
                                    

(ZawGyi Ver)

"အချိန်​​တွေကမြန်​လိုက်​တာ...
ခရစ်​စမတ်​​တောင်​​ရောက်​​တော့မယ်​"

ပြတင်း​ပေါက်​မှာကျ​နေသည့်​​​ဆောင်းနှင်း
ဖွဲဖွဲ​လေး​တွေကိုကြည့်​ရင်းKyungsoo
ပြောလိုက်​​တော့Luckyက​ပြေးလာပြီး
ပြတင်း​ပေါက်​​ပေါ်​ခေါင်း​လေးတင်​ကာ
ကြည့်​၏။ ။ တစ်​ခါမှမမြင်​ဘူးလို့ထင်
အထူးဆန်းလိုလိုက်​ကြည့်​​နေသဖြင့်
Kyungsooပြုံးကာ​ခေါင်း​လေးကို
ပွတ်​​ပေးလိုက်​သည်​။ ။

ဒီနှစ်​ခရစ်​စမတ်အတွက်​သိုး​မွှေးထိုး​ပေးဖို့
ကုတင်​​အောက်​က​သစ်​သားဘူး​လေးကို
ထုတ်​လိုက်​​တော့​ရောင်​စုံသိုး​မွှေး​လေး​တွေနဲ့အတူ
ဟောင်းနွမ်း​နေတဲ့အဝါ​ရောင်​မာဖလာ​လေး...
ဒါKai၁၆နှစ်​ပြည့်​​မွေး​နေ့တုန်းက
Kyungsooထိုး​ပေးထားတာ​...။ ။
သူများလက်​​ဆောင်​​တွေလိုတန်​ဖိုးမကြီးတာမလို့
ဒီမာဖလာ​လေးကိုသူအခုထိအမြတ်​တနိုး
သိမ်းထားမယ်​လို့မထင်​ထားဘူး။ ။

"ဘာ​တွေ​တွေး​နေတာလဲ
မောင့်​နှလုံးသားငယ်​လေး"

အခုမှအပြင်​က​ရောက်​လာတဲ့သူက
လက်​​အေး​အေး​တွေဖြင့်​Kyungsooကို
အ​နောက်​ကသိမ်းဖက်​လာတာမလို့
သစ်​သားဘူး​လေးကိုချရင်းသူလက်​ကို
Kyungsooအ​နွေးထည်​ထဲထည့်​​ပေး
လိုက်​​တော့​ပေါင်​​ပေါ်​ခေါင်းမှီချလာပြီး
ရင်ခွဲထဲ​အတင်းတိုးဝင်​လာသည်​။

"လက်​​တွေက​ရေခဲတုံးကျ​နေတာ​ပဲ
အပြင်​သွားတာလက်​အိတ်
မဝတ်​သွားဘူးလား​"

"​မောင့်​မှာကိုယ်ပိုင်​​Do kyungsooဆိုတဲ့
အ​နွေးတုံး​လေးရှိ​နေတာပဲအဲဒါ​တွေမလိုဘူး"

"​​နောက်​​နွေး​နွေး​ထွေး​ထွေးဝတ်​သွား
လေဖြတ်​သွားရင်​ငါမင်းကိုမယူ​တော့ဘူး"

"​မောင့်​ကိုစားပြီးနားမလည်​လုပ်​လို့
မရဘူးဘာဖြစ်​ဖြစ်​ယူရမယ်​...
မဟုတ်​ရင်​ပုဒ်​မ၁၅၀၀နဲ့
တရားစွဲပစ်​မှာ..."

သူ့စကား​ကြောင့်​Kyungsoo
မျက်​လုံး​​လေး​တွေမှိတ်​ကျသွားတဲ့အထိ
သ​ဘောတကျရယ်​မိ​တော့Kaiက
အိပ်​ယာ​ပေါ်မှထလာကာKyungsoo
မျက်​နှာကိုတစ်​ရှုံရှုံလိုက်​နမ်း​သည်​။ ။

Dearest He S2(Kaisoo Yaoi)Where stories live. Discover now