Now & Ever

393 72 13
                                    

(ZawGyi Ver)

အုတ်​နီ​ရောင်​​ရှိတဲ့​ကျောင်း​ဆောင်​​လေးရဲ့
ခုံတန်းလျား​လေးမှာKyungsooထိုင်​ရင်း
မြောက်​များလှစွာ​သော​ကျောင်းသား​တွေထဲက
မျက်​ဝန်းညိုညိုနဲ့​ကောင်​​လေးကိုလိုက်​ရှာလိုက်​သည်​။ 
ခဏကြာ​တော့လူကြားထဲမှာသာမာန်​နဲ့မတူသည့်
ဆံပင်​ခဲပြာ​ရောင်​​တွေနဲ့​ကျောင်းဝတ်​စုံကို
ဖြစ်​သလိုဝတ်​ထားပြီး​စီးကရက်​တစ်​လိပ်​ကို
ဖွာလျက်​ထွက်​လာသည့်​သူ...

အပြုံးအရယ်​မရှိတာ​တောင်ခပ်​​ချေ​ချေ
မျက်​နှာထားက​နတ်​ဘုရားတစ်​ပါးလို
တောက်​ပ​နေပြီး​ကျောင်းသူ​အားလုံးရဲ့
အာရုံစိုက်​ခြင်းကိုခံထားရ၏။ ။

Kyungsoo​ကြည့်​​နေတုန်းမှာပဲ
Kim Kaiရဲ့စူးရှလွန်းတဲ့မျက်​ဝန်းတို့နဲ့
အကြည့်​ချင်းဆုံးသွားသဖြင့်​​ယောင်​​တောင်​​တောင်
ဖြင့်​လက်​ပြလိုက်​​တော့သူကစီးကရက်​ကို
မြေကြီး​ပေါ်ပစ်​ချကာနင်းလိုက်​ပြီး​ကျွန်​​တော့်​ဆီ
ပြေးလာသည်​။ ။

"ဘာလို့တစ်​​ယောက်​တည်း
နေ​နေတာလဲ...တခြားသူ​တွေ​ရော
ဘယ်​​ရောက်​​နေလဲ...ကျစ်​...
စိတ်​ချလို့ကိုမရဘူး"

"ငါဒီမှာထိုင်​ချင်​တယ်​​ပြောလို့ဦးကြီးက
လိုက်​ပို့​​ပေးတာ!! သူများ​တွေကို
အပြစ်​မတင်​ပါနဲ့"

"ဒါဆိုခင်​ဗျားကိုပဲအပြစ်​​​ပေးရမှာ​ပေါ့"

"ငါ....ငါသွား​တော့မယ်​.."

"ဘယ်​ကိုသွားမှာလဲ!! ခင်​ဗျားပဲ
မောင့်​ကို​တွေ့ချင်လို့လာတာ
မဟုတ်​ဘူးလား"

ကျွန်​​တော့်​လက်​နှစ်​ဖက်​ကိုအတင်းချုပ်​ကိုင်​ကာ
ပြော​နေတဲ့Kim Kai​ကြောင့်​မျက်​နှာ​တွေ
ပူလာသည်​။ ​​တော်​ပြီ ။ နောက်​တစ်ခါ
Kim Kai​ကျောင်းကိုဘယ်​​တော့မှ
လာဖို့စိတ်​မကူး​တော့ဘူး ။ သူပိုင်​တဲ့
နယ်​​မြေထဲကို​ရောက်​တာနဲ့လူကို
အကြပ်​ကိုင်​လွန်းသည်​။

ဘေးနားကကွက်​ကြည့်​ကွက်ကြည့်​နဲ့
ကြည့်​​နေတဲ့သူ​တွေ​ကြောင့်​နေရခက်​လာ၍
ရုန်းလိုက်​​တော့မှသူကလွှတ်​​ပေးရင်း
ထိုင်​ရာမှထကာကျွန်​​တော့်ကိုခါးက​​နေ
ပွေ့လိုက်​တာ​ကြောင့်​လူ​တွေရဲ့အသံက
ပိုဆူညံသွားသည်​။ ။

Dearest He S2(Kaisoo Yaoi)Where stories live. Discover now