(ZawGyi Ver)
တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း....
လေးလှမ်း...ဖြည်းဖြည်းချင်းအားစိုက်ကာ
ငါးလှမ်းမြောက်ကိုကြိုးစားလှမ်းနေတုန်း
ခြေထောက်တို့ခွေကျသွားတာကြောင့်
Kyungsoမျက်လုံးကိုမှိတ်ချလိုက်သည်။
ဒါပင်မဲ့ရောက်သွားသည်က
အးစက်စက်ကြမ်းပြင်မဟုတ်ပဲ
နွေးထွေးတဲ့ရင်ခွင်ကျယ်တစ်ခုကြောင့်
မျက်လုံးကိုဖွင့်ကြည့်လိုက်တော့
ကြယ်လေးတွေလိုတောက်ပနေသည့်
မျက်ဝန်းညိုညိုတို့ဖြင့်Kyungsooကို
စူးစိုက်စွာကြည့်နေသူ..."မောင်လာမှလမ်းလျှောက်ပါဆို
ခင်ဗျားကမောင့်စကားဆိုဘယ်တော့မှ
နားမထောင်ဘူး..."အလိုမကျစွာမျက်မှောင်ကြုတ်လျက်
ပြောပြီးKyungsooကိုယ်လေးကို
ပွေ့လိုက်တာကြောင့်လန့်လန့်ဖြင့်
သူ့ပခုံးကိုဖက်တွယ်လိုက်သည်။ ။"ငါဘာသာငါလျှောက်မယ်
ပြန်ချပေးKai...""ဒီနေ့လျှောက်တာများနေပြီ
နားတော့""ဒါပင်မဲ့"
ခပ်စူးစူးအကြည့်အောက်မှာKyungsoo
အသံတိတ်သွားပြီးKaiပုခုံးကိုတိုးဖက်လိုက်
တော့ဘယ်ဘက်ပါးပြင်ထက်ကလခြမ်းလေးက
ခပ်ရေးရေးပေါ်လာ၏။ ။ ဒီတစ်ပတ်လုံးKaiက
တောက်လျှောက်ဘယ်မှမသွားပဲKyungsoo
လမ်းပြန်လျှောက်နိုင်ဖို့အနားမှာလေ့ကျင့်ပေး
နေတာကြောင့်ပင်ပန်းမှာဆိုး၍သူအိပ်နေတဲ့
အချိန်ကိုယ့်ဘာသာဂျိုင်းထောက်နဲ့လမ်းလျှောက်
ကျင့်ကြည့်တာကိုနိုးတာနဲ့လူကိုမျက်စိအောက်က
အပျောက်မခံ..."တစ်နေ့ကိုသုံးခါပဲလျှောက်လို့ဒေါက်တာက
ပြောထားတာကိုအခုတော့ခြေထောက်တွေ
နီရဲကုန်ပြီကြည့်ဦး"KaiအသံကြားမှKyungsooအသိပြန်ဝင်ပြီး
ကြည့်လိုက်တော့သူကကြမ်းပြင်ပေါ်မှာ
တင်ပလွေခွေထိုင်ကာKyungsoo
ခြေထောက်ကိုနိုပ်နယ်ပေးနေတာကြောင့်
ရုန်းဖို့ပြင်လိုက်ပင်မဲ့တင်းကြပ်စွာကိုင်ထား
သူကြောင့်နောက်ဆုံးKyungsooသာ
အလျှော့ပေးလိုက်ရသည်။
YOU ARE READING
Dearest He S2(Kaisoo Yaoi)
RomanceDo kyungsoo:Four leaf cloverကမင်းကြောင့် ဖြစ်တည်လာတယ်ဆိုရင်အဲ့Cloverတွေကို ငါမလိုချင်တော့ဘူးJongin... Kim jongin:ခင်ဗျားဘဝကရုပ်သေးရုပ်လိုမျိုးပဲ မောင်ကြိုးဆွဲရာကိုအမြဲကနေရမှာ!! ခင်ဗျားမှာ ငြင်းပိုင်ခွင့်ဆိုတာမရှိဘူး... (ZawGyi+U...