(ZawGyi Ver)
May28th,
1999..."ဒီနေ့ရောသူလာသေးလား?"
"မလာဘူးသခင်လေး"
သူလဲပြောရောလက်ထဲကစိမ်းဝါရောင်
Four leaf Cloverလေးကို
ကြည့်ပြီးညိုးငယ်စွာထွက်သွားသည့်
သခင်လေးကြောင့်ဦးကြီးသက်ပြင်းချ
လိုက်သည်။ အသက်ငါးနှစ်အရွယ်နဲ့မလိုက်အောင်
ရင့်ကျက်တည်ငြိမ်လွန်းတဲ့သခင်လေးက
ခြံရှေ့မှာတွေ့ခဲ့တဲ့ကလေးတစ်ယောက်ကို
အချိန်ခဏလေးနဲ့သံယောဇဉ်တွယ်လွန်း၏။ ။ကလေးအချင်းချင်းခင်မင်တာ
သဘာဝလို့ပဲပြောရင်လဲသခင်လေးက
တခြားတန်းတူကလေးများနဲ့ဆော့ဖို့နေနေသာသာစကားတောင်မပြော။ ။သူစွဲစွဲလမ်းခင်တွယ်တာ
ဆိုလို့ဒီပန်းခြံထဲကပန်းကလေးများသာရှိ၏။ ။
ဒီကလေးနဲ့ကျမှသူလာမှာကိုဒီခြံရှေ့တွင်
အမြဲစောင့်နေတာလပေါင်းများစွာတောင်
ကြာတော့မည်~~~Kaiအခန်းထဲဝင်ကာကြမ်းပြင်မှာ
ပြန့်ကြဲနေသည့်Four leaf cloverများကို
ကြည့်လိုက်သည်။"ခင်ဗျားကြိုက်တဲ့Four leaf cloverတွေတောင်
အရွက်၁၀၀ပြည့်တော့မယ်ခင်ဗျားကအခုထိဘာလို့
မလာသေးတာလဲ?ဘာလို့ကတိမတည်တာလဲ
Do kyungsoo"ရက်တွေ၊လတွေသာပြောင်းသွားတယ်။ ။
မျှော်နေသူကအခုထိပေါ်မလာတာမလို့
Appaပေးထားတဲ့Bodyguardsတွေကို
လူလွှတ်ကာရှာခိုင်းလိုက်တော့နှစ်ရက်အကြာမှာ
သူနေတဲ့နေရာကိုသိရ၏။ ။ သို့ပင်မဲ့ကံကြမ္မာက
မျက်နှာသာမပေးခဲ့ဘူး... ထိုကောင်လေးရဲ့
အဖေကုမ္ပဏီကဒေဝါလီခံရပြီးတစ်မိသားစုလုံး
နယ်ပြောင်းသွားရတယ်တဲ့လေ...။ ။မဖြစ်နိုင်တော့တဲ့လူကိုမလွမ်းဆွတ်မိဖို့
Four leaf Cloverတွေကိုဖယ်ရှားပစ်
ခဲ့တယ်။ အဝါရောင်အနွေးထည်လေးကို
မြင်တိုင်းသတိရလာတာမလို့အဝါရောင်မှန်သမျှ
ဖျက်ဆီးပစ်ခဲ့တယ်။ ။ နှလုံးသားထဲကသူ့အတွက်
နေရာလေးကိုတော့ရင်ထဲမှာပဲသိမ်းဆည်းရင်း
နေလာတာနှစ်ပေါင်းများစွာကြာမှထိုသူသည်
ဒဏ်ရာဟောင်းကိုပြန်ဆွကာအနားသို့ပြန်ရောက်
လာသည်။
YOU ARE READING
Dearest He S2(Kaisoo Yaoi)
RomanceDo kyungsoo:Four leaf cloverကမင်းကြောင့် ဖြစ်တည်လာတယ်ဆိုရင်အဲ့Cloverတွေကို ငါမလိုချင်တော့ဘူးJongin... Kim jongin:ခင်ဗျားဘဝကရုပ်သေးရုပ်လိုမျိုးပဲ မောင်ကြိုးဆွဲရာကိုအမြဲကနေရမှာ!! ခင်ဗျားမှာ ငြင်းပိုင်ခွင့်ဆိုတာမရှိဘူး... (ZawGyi+U...