(ZawGyi Ver)
"မောင်စောင့်နေတာတစ်နာရီလောက်ရှိပြီ
အခုထိမပြီးသေးဘူးလား..."ခပ်စူးစူးအသံနှင့်အတူဘေးကိုရောက်လာပြီး
လက်ထဲမှအိတ်ကိုလုယူသွားတာကြောင့်
Kyungsooတားချိန်မရလိုက်။ ။ မနက်မှ
ခရီးသွားဖို့ဗြုန်းဆိုင်းထပြောတာမလို့
လိုအပ်တာလေးတွေ ထည့်နေတာကို
ခဏလေးတောင်မစောင့်နိုင်။ ။ ပြန်ပြောရင်လဲ
သူကစောင့်ရတာဝါသနာမပါဘူးဆိုပြီးလူကို
ခပ်ရွဲ့ရွဲ့ပြန်ပြောဦးမည်။ ။သူ့အတွက်တော့ခရီးသွားတာဘာမှမဟုတ်ပင်မဲ့
Kyungsooအတွက်တော့ခြေထောက်ထိခိုက်
ပြီးမှဒီလိုခရီးသွားတာပထမဦးဆုံးမလို့
လမ်းခရီးမှာတစ်ခုခုအဆင်မပြေမှာဆိုး၏။ ။
ဦးကြီးကလဲKyungsooကိုစိတ်ပူလို့ထင်
မသွားခိုင်းစေချင်။ သို့ပင်မဲ့လဲKim Kaiကို
ကြောက်တာကြောင့်ပြောလဲမပြောရဲနဲ့
Kyungsooကိုသာအစစအရာရာဂရုစိုက်ဖို့
တဖွဖွမှာနေ၏။ ။"ပြန်လာရင်ဦးကြီးအတွက်မုန့်ဝယ်ခဲ့မယ်
ဘာမှစိတ်မပူနဲ့""ဦးကြီးအတွက်ဘာမှမလိုဘူး...
Kyungsooလေးသာပျော်ပျော်ရွှင်ရွှင်နဲ့
ခရီးသွားခဲ့...နေမကောင်းလဲမဖြစ်စေနဲ့...
နွေးနွေးထွေးထွေးနေ..."Kyungsooခေါင်းငြိမ့်ပြလိုက်ပြီး
ဝှီးချဲကိုတွန်းကာKaiဆီသွားတော့သူက
လက်ထဲကBlueကိုမျက်မှောင်ကြုတ်ကာ
ကြည့်၏။ ။"ခရီးလေးတစ်ခါသွားတာမသိရင်
အိမ်ပြောင်းတာကျနေတာပဲအကုန်လုံးကို
ခေါ်လာတယ်""သူလဲလှောင်အိမ်ထဲမှာနေတာကြာတော့
မွန်းကြပ်နေမှာပေါ့"အဲ့တော့မှလက်ထဲကBlueကိုယူကာ
ကားနောက်ခန်းထဲထည့်သည်။ Luckyကတော့
ဘယ်လောက်တောင်လိုက်ချင်နေလဲမသိ
သူ့ကိုမခေါ်မှာဆိုး၍မနက်ကတည်းက
ကားထဲဝင်ထိုင်ကာနေရာဦးထားသည်။Kyungsooကားပေါ်တက်ဖို့
လုပ်တော့Kim Kaiကပြေးလာကာ
လှမ်းပွေ့လိုက်တာကြောင့်သူ့လည်ပင်းကို
ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

YOU ARE READING
Dearest He S2(Kaisoo Yaoi)
Roman d'amourDo kyungsoo:Four leaf cloverကမင်းကြောင့် ဖြစ်တည်လာတယ်ဆိုရင်အဲ့Cloverတွေကို ငါမလိုချင်တော့ဘူးJongin... Kim jongin:ခင်ဗျားဘဝကရုပ်သေးရုပ်လိုမျိုးပဲ မောင်ကြိုးဆွဲရာကိုအမြဲကနေရမှာ!! ခင်ဗျားမှာ ငြင်းပိုင်ခွင့်ဆိုတာမရှိဘူး... (ZawGyi+U...