Best part

315 63 35
                                    

(ZawGyi Ver)

အ​ရေးကြီး​အလုပ်​​ကိစ္စ​ပေါ်လာတာမလို့
Kaiဖွားကိုနှုတ်​ဆက်​ပြီးSeoulကိုညတွင်းချင်း
ပြန်​လာခဲ့ရသည်​။ ။ တစ်​ကယ်​ဆိုဖွားနဲ့
၁၀ရက်​​လောက်​​နေချင်​​သေးပင်​မဲ့
အလုပ်​ကလဲKaiမသွားလို့မဖြစ်​...။ ။
အဲ့လိုအခက်​ကြုံ​​နေရ​တဲ့ကြားမှ
သူ့နှလုံးသားငယ်​ကပါဖွားနဲ့
ကျန်​ခဲ့မည်​​ဟုတဇွတ်​ထိုး​ပြော​နေ၍
ရန်​ဖြစ်​ရ​သေးသည်​။ ​​နောက်​ဆုံး​တော့
Kaiပဲလူဆိုးဖြစ်​ရ၏။ ။

ဘေးကိုကြည့်​လိုက်​​တော့ငိုရတာ
မောသွားလို့ထင်​ကား​ဘောင်​​ကို
ခေါင်း​လေးမှီပြီးအိပ်​​ပျော်​​နေသည့်​သူ​ကြောင့်
Kaiကား​နောက်​ခန်းက​စောင်​ကိုယူခြုံ
ပေးလိုက်​သည်​။ ။ အ​အေးဒဏ်​​ကြောင့်
ပါးနှစ်​ဖက်​​ကလဲမက်​မွန်​သီး​လေးလိုနီ​စွေး​နေ၏။
။ စိတ်​ရှိတဲ့အတိုင်းသာဆို​အဲ့ပါးပြင်​အိအိ​တွေကို
ကိုက်​ဆွဲချင်​ပင်​မဲ့နိုးလာရင်​​ထပ်​ရန်​ဖြစ်​ရမှာဆိုး၍
ကိုယ့်​​ပေါင်​ကိုယ်​သာခပ်​တင်းတင်းဆုပ်​ကိုင်ရင်း
စိတ်​​လျှော့လိုက်​သည်​။

ကားထဲကကတ်​ဆတ်​ကို​ဖွင့်​လိုက်​​တော့
"Can't help falling in love
With you"သီချင်းလာ​နေတာမလို့
Volumeကိုမြှင့်​ရင်းတိတ်​ဆိတ်​တဲ့
ပတ်​ဝန်းကျင်​ကိုဖြို ခွင်းလိုက်​သည်​။

လမ်းတစ်​​လျှောက်​မှာလဲ​ဆောင်းဦးရွက်​​ကြွေ
လိ​မ္မော်​​ရောင်​​​မေပယ်​သစ်​ရွက်​​လေး​ကြွေကျ​နေတာ
မလို့Kaiကားပြတင်း​ပေါက်​ကိုလက်​ခံလိုက်​​တော့
လက်​ထဲကိုဆိုက်​ဆိုက်​မြိုက်​မြိုက်​ကျလာသည့်
လိ​မ္မော်​​ရောင်​​​မေပယ်​ရွက်​​လေးတစ်​ရွက်​​...

"​ကြွေကျလာတဲ့ချယ်​ရီပန်းကိုဖမ်းမိရင်
အချစ်​ဦးနဲ့ဆုံနိုင်​ပြီး ​ကြွေကျလာတဲ့
မေပယ်​ကိုဖမ်းမိရင်​​တော့ကိုယ်​နဲ့အတူ
လျှောက်​လမ်းလာတဲ့သူနဲ့ချစ်​ကျွမ်းဝင်​နိုင်​တယ်​"တဲ့
ဒါဆို​မောင်​ကခင်​ဗျားနဲ့ထာဝရတူတူ
နေခွင့်​ရမှာ​ပေါ့...။ ။

Dearest He S2(Kaisoo Yaoi)Where stories live. Discover now