(ZawGyi Ver)
"ဖွားကလဲဘာလို့ဟင်းတွေအများကြီး
ချက်တားတာလဲ...ကျနော်တို့က...
နှစ်ယောက်တည်းကို""တစ်ခါတစ်လေအလည်လာတုန်း
မြေးကြိုက်တာချက်ကျွေးရမှာပေါ့
ဒါဖွားအတွက်အပန်းမကြီးပါဘူး...
ဟင်းတွေအေးကုန်တော့မယ်ကွယ်
စားကြတော့...ဖွားလဲလုပ်စရာရှိတာတွေ
သွားလုပ်လိုက်ဦးမယ်"ဖွားထွက်သွားတော့မှKaiကထမင်းခူးပြီး
Kyungsooဘေးတွင်လာထိုင်ကာ
ဟင်းတွေထည့်ပေးနေတာကြောင့်
မော့ကြည့်လိုက်တော့ပါးချိုင့်တုလေး
ပေါ်သည်အထိရယ်ပြသည်။"ခင်ဗျားကပုစွန်ကြိုက်တယ်မလား
များများစား..."Kyungsooဘာမှမပြောပဲ
ဆက်စားနေလိုက်တော့ပန်းကန်ထဲကို
ဟင်းတွေထပ်ထည့်ပေးနေပြန်၏။ ။"မောင်ငါးနွှာပေးရဦးမလား"
"ရတယ်...ငါဘာသာလုပ်လိုက်မယ်"
"ဒီပင်လယ်ငါးတွေကအရိုးများတယ်
မောင့်ကလေးလေးအရိုးဆူးသွားဦးမယ်"အဟွတ်~~~
သူပြောတဲ့စကားကြောင့်ထမင်းစားရင်း
သီးသွားသဖြင့်ရေအမြန်သောက်ချလိုက်
ရသည်။ ။ ဒီနေ့မှလူကိုအစစအရာအရာ
လာဂရုစိုက်ပြနေတာKim Kaiအစစ်မှ
ဟုတ်ရဲ့လား? ဟိုအရင်ကKim Kaiဆို
Kyungsooကိုဟင်းထည့်ပေးဖို့မပြောနဲ့
ထမင်းမစားချင်ဘူးပြောမိတာနဲ့စားပွဲဝိုင်းကို
ဆွဲမှောက်တက်တဲ့လူမျိုး...။ ။အခုတော့မလုပ်စဖူးအလုပ်တွေလုပ်လိုက်
မပြောစဖူးတွေပြောလိုက်နဲ့ဘာဖြစ်နေမှန်းမသိ။
Kyungsooသူ့ကိုကြည့်လိုက်တော့
သူကဘာလဲဆိုပြီးမေးဆတ်ပြသည်။"ငါကိုပဲဟင်းတွေအကုန်ထည့်ပေးမနေနဲ့...
ဖွားကမင်းကြိုက်တာတွေချက်ထားတာကို
ကိုယ့်ဘာသာကိုယ်လဲထည့်စားဦး...""ခင်ဗျားထည့်ပေး"
ထမင်းပန်းကန်ကိုင်ကာတိုးလာတာကြောင့်
Kyungsooဟင်းတစ်မျိုးစီထည့်ပေးလိုက်
သည်။ Kyungsooမထည့်မပေးခြင်း
သူကစားမှာမဟုတ်။ သူဘာသာသူမစားလဲ
ဘာမှမဖြစ်ပင်မဲ့စားနေတဲ့Kyungsooကို
မျက်တောင်မခတ်တမ်းလိုက်ကြည့်နေတာကြောင့်
ထမင်းတောင်ကောင်းကောင်းမဝင်တော့သဖြင့်
နောက်ဆုံးသူ့စိတ်ကြိုက်လုပ်ပေးလိုက်ရသည်။
YOU ARE READING
Dearest He S2(Kaisoo Yaoi)
RomanceDo kyungsoo:Four leaf cloverကမင်းကြောင့် ဖြစ်တည်လာတယ်ဆိုရင်အဲ့Cloverတွေကို ငါမလိုချင်တော့ဘူးJongin... Kim jongin:ခင်ဗျားဘဝကရုပ်သေးရုပ်လိုမျိုးပဲ မောင်ကြိုးဆွဲရာကိုအမြဲကနေရမှာ!! ခင်ဗျားမှာ ငြင်းပိုင်ခွင့်ဆိုတာမရှိဘူး... (ZawGyi+U...