(ZawGyi Ver)
Flash back,
2021...အသက်ရှုသံပြင်းပြင်းရယ်ရေနွေးအိုးကဲ့သို့
ပူကြစ်နေတဲ့ကိုယ်ရယ်ကြောင့်Kyungsoo
နိုးလာသည်။ အိပ်ချင်မူးတူးဖြင့်မျက်လုံးပွတ်သပ်ရင်း
ကြည့်လိုက်တော့Kaiကအဖျားတက်ကာညည်းနေ
သဖြင့်နဖူးကိုခပ်ဖွဖွစမ်းလိုက်သည်။ ကြည့်ရတာ
မနေ့ကဒဏ်ရာကြောင့်အနာရင်းပြီးဖျားသွားတယ်
ထင်၏။ ။အဲဒါကြောင့်ဆေးထည့်ပြီးမှ
အိပ်ပါဆိုတာကိုအခုတော့ဖြစ်ပြီမလား?
ပြောရင်လဲကျွန်တော်ပဲစိတ်တိုရမှာမလို့
ကုတင်ပေါ်ကထကာဝှီးချဲပေါ်တက်ဖို့ပြင်တော့
ဖက်ထားတာလွှတ်မပေး၍အတင်းတွန်းဖယ်ရ
သည်။ အိပ်နေရင်းတောင်အားကမလျှော့တာ
ကြောင့်သူ့ရင်ခွင်ထဲကပဲဆေးလှမ်းယူကာ
မျက်နှာချောချောပေါ်ကဒဏ်ရာတို့ကို
လိမ်းပေးလိုက်တယ်။ ။ဘယ်လောက်တောင်ရိုက်ခံထားရတာလဲမသိ
ပါးပြင်ကအနီရောင်ကနေခရမ်းရောင်တောင်
ပြောင်းနေပြီ။ ။ ဒါတောင်တစ်ချက်မှနာဟန်မပြမှ
တင်းခံလွန်းသည်။ အသက်ရွယ်နဲ့မလိုက်အောင်
မာနကြီးလွန်းသူမလို့တစ်နေ့နေ့ကျရင်အဲ့မာနနဲ့ပဲ
သူဒုက္ခရောက်မှာကိုKyungsooစိတ်ပူမိသည်။
Kim kaiကိုမုန်းပင်မဲ့တစ်ကယ်တည်း
ဖြစ်လာတော့လဲသူ့ကိုဥပေက္ခာ
မပြုနိုင်ပေ...။ ။မနက်လေးနာရီခွဲသာရှိသေးတာမလို့
ပြတင်းပေါက်ကမလင်းတလင်းနေရောင်လေးကို
ကြည့်လိုက် ၊ သူ့ကိုကြည့်လိုက်နဲ့
အိပ်ပျော်သွားတာဘေးနားကအသံကြားမှ
ပြန်နိုးလာသည်။ ။"အိပ်ပုပ်ကလဲကြီးလိုက်တာ
ထမင်းစားချိန်တောင်ရောက်နေပြီ
အခုထိမထသေးဘူးလား?"အိကျသွားတဲ့ကုတင်နဲ့အတူဆူပုတ်ပုတ်ဖြင့်
ပြောနေတဲ့သူ့ကိုကြည့်လိုက်တော့ခဲပြာရောင်
ဆံပင်တွေကိုလှန်တင်ထားကာလက်ပြတ်ဖြင့်
မျက်နှာသုတ်ပဝါကိုပုခုံးပေါ်တင်ပြီးချွေးစက်
တို့ကိုသုတ်နေ၏။ ။
YOU ARE READING
Dearest He S2(Kaisoo Yaoi)
RomanceDo kyungsoo:Four leaf cloverကမင်းကြောင့် ဖြစ်တည်လာတယ်ဆိုရင်အဲ့Cloverတွေကို ငါမလိုချင်တော့ဘူးJongin... Kim jongin:ခင်ဗျားဘဝကရုပ်သေးရုပ်လိုမျိုးပဲ မောင်ကြိုးဆွဲရာကိုအမြဲကနေရမှာ!! ခင်ဗျားမှာ ငြင်းပိုင်ခွင့်ဆိုတာမရှိဘူး... (ZawGyi+U...