💞33💞

1K 77 6
                                    

✴Unicode✴

"Green!!!"

"ငုတ်စွမုတ္တ..ငါလင်ရ!!!"

"ဟားးးဟားးးးဟားးးး...ယောင်ပုံကလဲ..ဟားးဟားးဟားးဟားး"

Winကျေနပ်စွာအော်ရီလိုက်တော့..မေးထောက်ပြီးငိုင်နေတယ့် Green ကမျက်စောင်းထိုးပြီးအခန်းပြတင်းပေါက်ဖက်ပြန်လှည့်သွားသည်။

"အတန်းကမစသေးဘူးလားမသိဘူး..ဆရာကလဲနောက်ကျလိုက်တာ..ဒီတစ်ခါသူ့အလှည့်ပဲ..အရင်နေ့တွေတုန်းကငါတို့ကျနောက်ကျလို့ဟောက်ထားတာတွေ့ပြီမှတ်!"

Winမကျေမနပ်ရေရွတ်လိုက်တော့.. Green ကနှုတ်ခမ်းစူပြီးလှည့်ကြည့်လာသည်..သေချာပေါက်ရန်တွေ့ဖို့ပေါ့။

"ငါတို့ဆရာကိုမပြောပါနဲ့!!!ဆရာ့သတင်းလဲမကြားပဲနဲ့!"

"ဘာသတင်းကြားရမှာလဲ"

"Win...မင်းဟာလေ..မင်းရဲ့အသားမဲကလွဲရင်ဘာမှမသိပါလား..အံံ့ပါ့ "

"ကဲပါ..သူများအတွဲကိုမဲ့ရွဲ့ရင်းနဲ့လေဖြတ်နေဦးမယ်..ပြောစမ်းပါဘာသတင်းလဲ"

"ငါတို့ဆရာလေ..သူ့သတို့သမီးလောင်းလျာလေးက..စေ့စပ်ပွဲဖျက်သိမ်းလိုက်တယ်တဲ့"

"ဟမ်! ပေါက်ကရကွာ..ဟုတ်ရောဟုတ်လို့လား..သူတို့ကကျောင်းရဲ့စံပြအတွဲဆိုပြီးနာမည်ကြီးသေးတာကိုပဲ"

Win..မယုံမကြည်နဲ့..Green ကိုအထွန့်တက်လိုက်တော့..Green ကနှုတ်ခမ်းတစ်ချွန်ချွန်နဲ့ပြန်အော်တော့သည်။

"ဟုတ်ပါတယ်ဆိုနေ..အ့ကြောင့်ဆရာ့ပုံစံကြည့်ပါလား..ကောင်မလေးနဲ့ကွဲပြီးမှ..အရက်ခွက်ထဲခေါင်းစိုက်နေတာ..အတန်းတွေလဲပျက်..ငေးငိုင်သွားလိုက်တာပြောမနေနဲ့..သူကအရမ်းချစ်တော့တော်တော်ခံစားရမှာ..သနားပါတယ်"

Green ကမှိုင်မှိုင်ထွေထွေလေးပြန်ငြိမ်သွားတော့..Win လဲဘုမသိဘမသိသက်ပြင်းလိုက်ချမိသည်။

"မင်း...အရေးကြီးတာမပြောရသေးဘူး"

"ဘာလဲ!"

"စေ့စပ်ပွဲ ဖျက်ရတယ့်အကြောင်းအရင်းလေ"

"ဟွန့်..ပြောမပြောချင်တော့ဘူး..အသစ်တွေ့သွားလို့ဟေ့..အသစ်တွေ့သွားလို့..ငါတို့ဆရာကိုကန်ထုတ်ခဲ့တာ..သုံးနှစ်လောက်ချစ်ခဲ့တဲ့သံယောဇဥ်မှမထောက်..လုပ်ရက်တာအံသြပ!!!"

different types with same love(completed) Where stories live. Discover now