💞14💞

1.1K 118 17
                                    

✴Unicode✴

"ဒါကဘယ်လဲ"

"ပြန်မလို့လေ!"

အတန်းဆင်းတာနဲ့..အိမ်တန်းပြန်မယ်ဆိုသောWinကိုBrightနည်းနည်းအချဥ်ဖောက်လာသည်။

"Tayမွေးနေ့ကဒီညနေနော်..လာမှာမလား!"

"မလာပါဘူးဆို"

"မလာရင်ပြန်လိုက်မပို့ဘူးကွာ"

"ဟမ့်!မင်းလိုက်ပို့မှငါကအိမ်ပြန်ရမှာကျ..အရင်းတုန်းကလဲBusနဲ့ပြန်နေကျ..နော်..Busစီးတာကမှမင်းဆိုင်ကယ်စီးတာထက်ပိုပြီးအန္တရာယ်ကင်းဦးမယ်!!"

မထီတထီမျက်နှာပေးလေးနဲ့..ပြောပြီးကျောင်းဝကိုဦးတည်နေတဲ့Winကြောင့်..Brightမှာကပျာကယာလိုက်ဆွဲရသည်..တော်တော်ပြောရဆိုရခက်တဲ့ဟာလေး!

"ခန..ခန..ရေကန်ဘက်ခနလိုက်ခဲ့"

Winလက်ကိုဆွဲပြီးBrightပြောလိုက်တော့..မေ့မေ့ပျောက်ပျောက်ကိစ္စကို..ပြန်အစဖော်သလိုဖြစ်သွား၍လားမသိ..Winမျက်နှာနီးဆွေးလာပြီး..Brightလက်ထဲကနေလက်ကိုအတင်းရုန်းနေပြန်သည်။

"နေဦး..ဘာလို့အတင်းရုန်းနေပြန်ပြီလဲ..ရေကန်ဘက်လိုက်ခဲ့လို့ပြောနေတာကို"

"ဘာ..ဘာလိုက်လုပ်ရမှာလဲ!"

"ဟ!စကားပြောမလို့လေ..အတင်းတွေအိမ်ပဲပြန်ချင်နေတာပဲ..ခုမှလေးနာရီတောင်မရှိသေးဘူး..နည်းနည်းပါးပါးတော့ကိုယ့်ရည်းစားကိုအချိန်ပေးပါဦးလား.."

Brightခပ်တည်တည်နဲ့..ဟောက်လိုက်တော့ငြိမ်တော့သွားရှာပါရဲ့..ဒါပေမယ့်အထွန့်ကတက်လာသေးတယ်..

"စကားပြောတာ..ဒီမှာပြောပါလား..ဘာလို့ရေကန်ဘက်မှလဲ"

စူစူပုပ်ပုပ်ပြောနေတဲ့Winက..ရေကန်ဘက်ကိုမလိုက်ချင်လို့..ပတ်ပြေးနေတာမှန်းBrightသိပေမယ့်..အခွင့်အရေးကိုလက်လွှတ်မခံသင့်ဘူး..ပန်းရောင်သန်းနေတဲ့ယုန်လေးကို..စရမယ်လေ..အထုအရိုက်ခံပြီး..

"ရေကန်ဘက်ကတော်ရုံလူ​မလာဘူးလေ..ကျောင်းဝင်းကြီးမှာမတ်တပ်ရပ်ပြောရမှာလား..နေပါဦး..ရေကန်ဘက်လိုက်ရမှာဘာလို့အသည်းအသန်ငြင်းနေရတာလဲ..မင်းမရိုးသားဘူး!"

different types with same love(completed) Wo Geschichten leben. Entdecke jetzt