💞32💞

1.3K 99 20
                                    

✴Unicode✴

Winမျက်လုံးကိုအားတင်းဖွင့်လိုက်သော်ငြား..အိပ်ချင်စိတ်ကမပြေ။ကိုယ်တစ်ခြမ်းလုံးထုံကျင်နေတယ့်အပြင်..တစ်ခုခုတက်ဖိထားသလိုခံစားနေရတုန်းပဲ။

*ဘုတ်!*

"အ့!!"

မဖွင့်ချင်ဖွင့်ချင်ဖြစ်နေတယ့်မျက်လုံးက..နှုတ်ခမ်းနားလာရိုက်မိတယ့်..တစ်စုံတစ်ခု​ကြောင့်ပြူးကျယ်သွားရသည်။

"အ့..နာလိုက်တာ!"

နှုတ်ခမ်းကနာလွန်းလို့..အသံထွက်ညည်းလိုက်မိကာမှ..ငံကျိကျိအရသာကိုပါခံစားလိုက်ရတော့..အလန့်တကြားနှုတ်ခမ်းကိုစမ်းမိသည်။

"သွေးတွေ!"

ပေါက်သွားပြီငါ့နှုတ်ခမ်း!..ဘယ်ဟာပြုတ်ကျ!

"Bright!!!!!!!!!!!!!!!!!!!"

"ဗုဒ္ဓ!!...ငုတ်စွ!!!!!!!ဟင်!ဟင်!...ဟမ်!..ဟမ်!"

စိတ်တိုတိုနဲ့..အော်ပစ်လိုက်တာတောင်..မျက်နှာကိုလာရိုက်တယ့်လက်ကိုသာ..ယောင်ယမ်းဖယ်လိုက်ပြီး...အကျအနခွဖက်ထားတယ့်ကိုယ်တစ်ခြမ်းကကြွတောင်မလာ။
အိပ်ချင်မူးတူးနဲ့ခေါင်းထောင်ကြည့်ပြီး..တစ်ဟင်ဟင်တစ်ဟမ်ဟမ်လုပ်နေတယ့်Brightကိုကြည့်ရင်း..Win..ဒေါသတွေဆောင့်တက်လာသည်။

"ဖယ်ဦး!!!မင်းတစ်ညလုံးတက်ဖိထားတာ..သေတော့မလိုပဲ..နာနေပြီကွ!!"

နာလွန်းလို့..အသံကအော်သံတစ်ဝက်ငိုသံတစ်ဝက်ဖြစ်သွားရသည်။

"ဟင်!ဟုတ်လား!ထ!ထ!ဘယ်နားနာနေလဲ!"

"ဖယ်!မထိနဲ့!မင်းရဲ့လက်..ပစ်တင်လိုက်တာ..ငါ့နှုတ်ခမ်းပေါက်သွားပြီ..ချီးလိုပဲ!!"

ပြူးပြူးပြာပြာနဲ့အတင်းကုန်းထပြီး..ဆွဲထူနေတယ့်Brightလက်တွေကို..ပုတ်ချလိုက်ရင်း..Winထထိုင်ပြီးပေါက်သွားတယ့်နှုတ်ခမ်းကိုဖွဖွလေးစမ်းလိုက်သည်။
ထပ်ငေါက်လိုက်တော့..မျက်နှာငယ်လေးနဲ့ကျုံ့ကျုံ့လေးထိုင်နေတယ့်Brightက..ချက်ချင်းဂရုဏာသက်ချင်စရာ...။

"ငါ..ငါ..ပြန်နှိပ်ပေးမယ်လေ!"

ပြောလဲပြော..လက်ကလဲWinပခုံးတစ်ခြမ်းကိုချက်ချင်းလာနှိပ်ပေးတယ့်Brightကို..သိပ်မကျေနပ်ပေမယ့်လည်း..မျက်စောင်းထိုးလိုက်ရင်းငြိမ်နေလိုက်သည်။

different types with same love(completed) Tahanan ng mga kuwento. Tumuklas ngayon