💞9💞

1.3K 133 25
                                    

✴Unicode✴

"ဘာသောက်မလဲ...ယုန်ကောင်လေး...အဲ..ယောင်လို့..မင်းနာမည်မိတ်ဆက်ဦးလေ"

"ကဲ..ကဲ..ငါတို့ကအရင်မိတ်ဆက်ရမှာပေါ့Tayရ..ငါ့နာမည်ကMind...သူနာမည်ကTay. .ဒီကမင်းရဲ့မင်းသားလေးက..Brightတဲ့"

Win...Mindမိတ်ဆက်တဲ့ပုံကြောင့်..ပြုံးဖြီးဖြီးလုပ်နေတဲ့Brightကိုကြည့်ရင်း...အထင်နဲ့အမြင်တက်တက်စင်အောင်လွဲခဲ့ကြောင်း..တစ်ဖြည်းဖြည်းတော့ရိပ်မိလာပါပြီ။

"ငါ့နာမည်ကWin..."

"Winလား..ဒါနိမိတ်တော့သိပ်မကောင်းဘူး"

ရုတ်တရက်ထပြောတဲ့Brightကြောင့်..Winမဆိုသလောက်ကလေးတော့ထရိုက်ချင်သွားသည်။

"ဘာကိုနိမိတ်မကောင်းတာလဲ..ငါ့နာမည်ကနိမိတ်ကောင်းတယ်...ငါ့ဥပတိရုပ်နဲ့လိုက်လိုက်ဖက်ဖက်ပေးထားတာ..မင်းလိုမဲသဲနေတဲ့ကောင်တောင်Brightလို့ပေးထားသေးတာပဲ"

သိပ်တော့မခံချင်..တွေ့ရာကြုံရာကိုခပ်စွာစွာပြန်ပြောလိုက်တော့..တစ်ချက်ပျက်မသွားတဲ့မျက်နှာမှာ..ကျေနပ်နေတဲ့အရိပ်အယောင်တွေတောင်သမ်းသွားသေးတယ်..သူမရူးရင်Winရူးနေတာပဲဖြစ်မယ်။

"အဟင်းဟင်း..ညိုချောတွေငိုပြောရင်တောင်ဇွတ်ချောနေတော့..အားလုံးထဲမှာထင်းလင်းသွားလို့Brightဆိုတဲ့နာမည်နဲ့..ငါကလိုက်ပါတယ်..အဟဲဟဲ..ခုကမင်းနာမည်ကြောင့်ငါ့အနာဂတ်ကို..ပိစိလေးစိတ်ပူသွားတာပါ"

"အဟေးဟေးး..Winရေ..မင်းကိုငါတို့ကျေးဇူးတင်လိုက်တာကွာ..တစ်သက်လုံးပေါင်းလာတာဒီကောင်ဝမ်းတွင်းရူးမှန်းငါခုမှသိတာအံ့ရောပဲ.."

Mindကထပြောတော့..Tayကဗိုက်ကိုလက်နဲ့နှိပ်ပြီးအော်ရီနေသည်..မရီနိုင်သောသူကWinတစ်ဦးတည်းရယ်ပါ။

"အဟားဟားဟား..ငါအူတက်နေပါပြီMindရာ..ခွီးးးးးငါလဲမနေ့တနေ့ကမြင်တဲ့အမြင်နဲ့ဒီကောင့်ကိုပေါင်းမိသွားတာ..ဒီနေ့လိုအမြင်ဆိုဒီကောင်နဲ့မပေါင်းမိလောက်ဘူး...ခွီးး"

Tayကဒီကျောင်းမှာဆုံရင်း..တွဲမိသွားသောသူငယ်ချင်း​ဖြစ်ပုံရသည်။

"နေပါဦး..ငါ့နာမည်ကမင်းကိုဘာများထိခိုက်နေလို့လဲ"

"ဟ!ထိခိုက်တာပေါ့ကွ!"

different types with same love(completed) Where stories live. Discover now