💞35💞 or 💞Final💞

2K 112 4
                                    

✴Unicode✴

Third year ရဲ့ tuto တွေ exam တွေလဲတစ်ရွေ့ရွေ့နဲ့ဖြတ်ကျော်ပြီးခဲ့ပြီ...Final ပြီးရင်တော့လွမ်းမောစရာတက္ကသိုလ်ညတွေကို..ပြန်တမ်းတရတော့မည်ပေါ့။

ကျောင်းပြန်မဖွင့်ခင်စပ်ကြားပိတ်ရက်လေးမှာ..အဖေ့ရဲ့ကုမ္ပဏီမှာ Brightအလုပ်သင်အဖြစ်..ဝင်လုပ်ဖြစ်ခဲ့သည်။Winတစ်ယောက်ကတော့..အိမ်မှာကင်မရာတစ်လုံးနဲ့တစ်နေကုန်အလုပ်ရှုပ်ရင်း..Bright နဲ့သတ်ရင်းပေါ့။

"Win..ရေ...Win!!"

အလုပ်ကပြန်လာတာနဲ့..တန်းပြီးအမောဆို့တော့တာပဲ...။အရင်ကဆို..ရုံးဆင်းချိန်ရောက်ရင်လမ်းထိပ်ကဆီးကြိုပြီး..တစ်ခုမဟုတ်တစ်ခုနပူနဆာတိုက်တတ်သော..Win က..လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက..အိမ်ဝကပင်ဆီးမကြိုတော့ချေ။

ပြဿနာက..ဘေးအိမ်ကိုမိသားစုတစ်စုပြောင်းလာကတည်းက..အစပြုတော့သည်။ထိုအိမ်ကပါလာတဲ့နှစ်နှစ်သားကလေးနဲ့..တစ်နေကုန်နီးပါးအလုပ်ရှုပ်နေတတ်သော..Win ကြောင့်ကြာတော့အနှီကလေးစုတ်ကလေးကို..ကိုင်ဆွဲလွှင့်ပစ်ချင်စိတ်ပင်ပေါက်လာသည်။

ခုလဲကြည့်...Brightပြန်လာလာချင်းမြင်လိုက်ရတဲ့မြင်ကွင်းက..ရင်ဝဆောင့်ကန်တာထက်ဆိုးသည်။

"Win..ကိုယ်ပြန်လာပြီ..ခေါ်နေတာမကြားဘူးလား!!!"

စိတ်တိုတိုနဲ့တွေ့တွေ့ချင်းဟိန်းဟောက်လိုက်သော်ငြား...လူကကြမ်းပြင်ပေါ်မှာခြေပစ်လက်ပစ်လှဲပြီးရင်ဘတ်ပေါ်မှာကလေးစုတ်ကလေးကခွထိုင်ကာ..တစ်ခစ်ခစ်နဲ့ရယ်မြူးနေကြသောထိုသက်ရှိနှစ်ကောင်က..Bright ကိုမော့ပြီးတောင်မကြည့်ကြ!!!

Bright ဘေးလွယ်အိတ်ကိုခုံပေါ်အသံမြည်အောင်..တမင်ပစ်တင်လိုက်တော့မှ..ရယ်မြူးနေတဲ့နှစ်ယောက်ကအသံခနရပ်သွားပြီး..သူ့ကိုလှည့်ကြည့်ရှာသည်။

"အော်..ကို..ပြန်ရောက်ပြီလား..ဝင်လာတာတောင်သတိမထားမိဘူး..ခိခိ..ဟားဟားဟား..အ့..ဟဟ"

သတိတောင်မထားမိဘူးတဲ့...Bright..Win အပေါ်မဖြစ်စဖူးဒေါသတွေက..ဒီကလေးလေးအိမ်ရောက်လာချိန်မှအစပြုကာ..နေ့စဥ်ရက်ဆက်..နည်းနည်းတော့လွန်ပြီမဟုတ်လား။

different types with same love(completed) Unde poveștirile trăiesc. Descoperă acum