💞31💞

1.2K 106 10
                                    

✴Unicode✴

ကျောင်းဝမှာမြင်နေရတယ့်..ကားအနက်ရောင်ကြီးကိုကြည့်ရင်း..Winတောင့်တောင့်ကလေးရပ်နေမိသည်။

"ပြန်ဖြေလိုက်ဦးလေ..Win!"

"အာ...အ့တာ..ဟို.."

ဘေးမှာရပ်နေတယ့်Brightက..ပခုံးတစ်ဖက်တစ်ချက်ကိုအုပ်ကိုင်ပြီး..သတိပေးလိုက်မှ..တွေတွေငေးငေးဖြစ်နေရာကနေ..အရှေ့မှာရပ်နေတယ့်..မိကျောင်းသားရေလက်ကိုင်အိတ်ကို..ဟန်ပါပါကိုင်ထားတယ့်Brightအမေဆီ..စိတ်ပြန်ရောက်လာသည်။

"အန်တီကအချိန်မှားလာပြီနဲ့တူတယ်..နေပါမင်းမလိုက်ချင်ရင်..အန်တီ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားသလား..ဒါဆိုရင်တော့မေ့.."

"မဟုတ်..မဟုတ်ပါဘူးအန်တီ..ကျွန်တော်တို့လဲလာပြီးတွေ့တော့မလို့ပါပဲ..အန်တီတို့စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့အချိန်ယူနေတာပါ..ကျွန်တော်တို့ကိုခုလိုခွင့်ပြုပေးလိုက်တာ..ကျေးဇူးတင်ပါတယ်အန်တီ!"

"အဟင်း..အမှန်တိုင်းပြောရရင်တော့..လက်ခံမပေးနိုင်သေးဘူးပေါ့..ဒါပေမယ့်လည်း..လက်ခံမပေးလို့မရဘူးလေ!"

အမေကBrightမျက်နှာကိုကြည့်ပြီး..အံကြိတ်ပြောလိုက်တာကြောင့်..Brightမသိမသာမျက်စောင်းပိစိလေးထိုးလိုက်ပြီး..ဟန်မပျက်ဆက်ငြိမ်နေလိုက်သည်။

Winတို့ကျောင်းဝင်းထဲကထွက်လာတော့..Brightအမေကိုထိပ်တိုက်တွေ့လိုက်ရသည်။လွှဲဖယ်သွားလို့လဲမကောင်းသလို..နှုတ်ဆက်ဖို့လဲမသင့်မို့..အူလည်လည်နဲ့ပဲရပ်နေမိသည်။

ကိုယ်တွေဆီတည့်တည့်လျှောက်လာတယ့်Brightအမေက..Brightညီငယ်ကိုလာကြိုတယ်ပြောရင်း..အိမ်ကိုတစ်ရက်လာခဲ့ဖို့ပြောတော့..Winအနည်းငယ်တော့အံအားသင့်သွားသည်။သဘောမတူပါဘူးလို့မျက်နှာချင်းဆိုင်ခေါ်ပြောခဲ့တယ့်သူက..ချက်ချင်းလက်ငင်းကြီးလက်ခံပေးလိုက်တာမို့..စဥ်းစားချင်စရာပင်။တကယ်ပဲ..သားမျက်နှာကြောင့်လက်ခံပေးလိုက်တာလား။

လားးးးးပေါင်းများစွားအတွက်..အဖြေရလိုရငြားBrightမျက်နှာကို..စေ့စေ့ကြည့်မိတော့Brightကမျက်လုံးလေးဝင့်လို့..ပြန်ပြုံးပြသည်။သူ့ကြည့်ရတာလဲ..ပုံမှန်ပါပဲ။ဝမ်းသာရမယ့်ကိစ္စပေမယ့်..Winကဘာကိုအလိုမကျဖြစ်နေမိပါလိမ့်။တစ်ခုခုကိုအနံ့ရနေပေမယ့်..အ့တစ်ခုခုကBrightလို့တော့မထင်ရက်ဘူး..Brightကတဇွတ်ထိုးဆန်ပေမယ့်..ပကတိအဖြူထည်လေးမလား။
.
.
.
Win..ပခုံးပေါ်ကလွယ်အိတ်ကို..ပစ်ချလိုက်ကာ..အိပ်ယာပေါ်ကန့်လန့်ဖြတ်လှဲလိုက်သည်။

different types with same love(completed) Unde poveștirile trăiesc. Descoperă acum