💞18💞

1.1K 117 24
                                    

*Unicode*

*ဇွတ်မပြောနဲ့Bright*

*မလုပ်ဘူးဆိုရင်ရော!!*

*ဒါဆိုလဲ ငါတို့လမ်းခွဲကြတာပေါ့*

ကျစ်!!Winရာ...မနက်တည်းကထွက်သွားတာ..စာလေးတစ်စောင်တောင်မပို့တော့ဘူး..တကယ်ပြတ်သွားတာလား..မဟုတ်ရင်ဟိုကောင်နဲ့ချစ်ကြည်နူးနေတာလား...ချီးးးးပဲ..ရူးတော့မယ်...

Brightအိပ်ယာထဲလူးလှိမ့်နေရင်းမှ..အောက်ထပ်ထမင်းစားခန်းထဲ..တစ်ဒုန်းဒုန်းနဲ့ပြေးဆင်းလာသည်။

*ဒုန်း...ဝုန်းးးး*

"ကဲ..ကိုကိုရယ်..တစ်နေလုံးဘာဖြစ်နေတာလဲ..ရေခဲသေတ္တာကိုအ့လောက်ဆောင့်ပိတ်နေမှတော့..တံခါးပြုတ်မထွက်တာကံကောင်း"

Brightအသံကြားရာဘက်ကို..စွေကြည့်လိုက်သည်..စားပွဲမှာထိုင်ရင်းပန်းသီးစားနေတယ့်အိမ်ရဲ့အငယ်ဆုံးဆိုပြီးတစ်ဖူးဖူးအမှုတ်ခံနေရတယ့်ဖယောင်းတိုင်မက..မျက်စောင်း​ပြန်ထိုးပြသည်..အေးပေါ့..ပြောကြပေါ့..သူတို့ကဘဲပစ်မှမခံရဘူးတာပြောကြပေါ့!!!
ရေဘူးကိုဖွင့်သောက်ရင်း..ထမင်းစားခန်းထဲမှာ..သိမ်းဆည်းနေတယ့်အမေ့ကို..မြင်ပြီးသတိရသွားသည်။

"ဘာလဲ..Bright..ဘာလိုချင်လို့ကြည့်နေတာလဲ"

"အမေ့!!"

"ဘာလဲဟဲ့..အလန့်တကြား!!"

Bright..အမေရှိတယ့်ဘေစင်နားကို..လှစ်ကနဲပြေးသွားပြီးအမေ့ကိုသေချာစိုက်ကြည့်ရင်း..တရားခံစစ်သလိုစစ်လိုက်သည်။

"အမေ..မှန်မှန်လိမ်!!အမေတို့နဲ့Winမနက်ကဘာတွေပြောကြတာလဲ!!"

Brightမေးခွန်းကြားတာနဲ့..အမေ့မျက်နှာချက်ချင်းအရောင်ပြောင်းသွားသည်။ငါသိတယ်..ငါသိတယ်..ငါမသိတာကိုငါသိတယ်..Brightကသံပုရာသီးမဟုတ်!!

"မင်းရည်းစားကိုသွားမေးလေ..ဘာလို့ငါ့ကိုလာမေးနေတာလဲ..ဒါမှမဟုတ်မင်းရည်းစားကဘာမှမပြောလိုက်တာလား..ပြောလိုက်ရဲ့သားနဲ့တမင်လာမေးပြီးရစ်နေတာလားBright!!"

ထူးဆန်းတယ်..ဒီလေယူလေသိမ်းနဲ့မျက်နှာထားကထူးဆန်းတယ်..Winကလဲမပြောဘူး..အမေတို့ကလဲမပြောဘူး..ဘာတွေလျှိုထားကြတာလဲ။

different types with same love(completed) Donde viven las historias. Descúbrelo ahora