💞27💞

1.1K 114 31
                                    

✴Unicode✴

"အ့...အားးးးး...အ့..အ့..နာတယ်လို့!!!"

"နာလား..ဟမ်!...နာတတ်ရင်ဘာလို့ပေါက်ကရတွေပြောခဲ့သေးလဲ..ကဲဟာ..ကဲဟာ.."

"အ့..အ့..မလိမ်နဲ့လို့..စိတ်တိုလာပြီနော်Win!!"

"အောင်မာ!!ဒင်းကများ..ငါ့ကိုအော်တယ်..ငါ့ကိုအော်တယ်ဟုတ်လား!!!"

*ဂွက်..ဂွက်...ဂွက်*

စက်သေနတ်ထက်ဆိုးတယ့်Winရဲ့လက်က..Brightခေါင်းပေါ်ကိုတစ်ဂွက်ဂွက်နဲ့ကျလာတော့သတည်းးး။
.
.
.
Win..ညစာပြင်ဆင်ပြီးနောက်..ဧည့်ခန်းဘက်လှမ်းကြည့်လိုက်သည်။စိတ်ရှိလက်ရှိထုရိုက်ခံထားရတယ့်ကိုယ်တော်လေးက..Winကိုတစ်ချက်သာစောင်ကြည့်ပြီး..နှုတ်ခမ်းဆူကာTVဘက်ပြန်လှည့်သွားသည်။

ပေါက်ကရတွေအပြောကောင်းလွန်းလို့..အဖေသွေးတက်မသေခင်..ပြောစရာရှိတာမြန်မြန်ပြောရင်း..မျက်နှာပူပူနဲ့အတင်းကာရောနှုတ်ဆက်ကာပြန်လာခဲ့ရတာ...ဒင်းကြောင့်လေ..ဒင်းကြောင့်..ဒင်းမွှေလွန်းလို့!

"Bright..ထမင်းစားဖို့လာခဲ့!"

Winတစ်ချက်သာခေါ်ကာ..ထမင်းစားပွဲမှာပြန်ထိုင်ရင်း..စားနေလိုက်သည်။လူမလာခင်ခြေသံကအရင်လာတယ်..အသံမမြည်မြည်အောင်ဆောင့်အောင့်ပြီးထလာတာ..စိတ်ရှိလက်ရှိအငတ်ထားလိုက်ရမကောင်းရှိတော့မယ်။

ထမင်းပန်းကန်ရှေ့ထားပြီး..တူနှစ်ချောင်းကိုင်ကာငုတ်တုတ်ထိုင်ဆန္ဒပြနေတယ့်Brightကို..Winမျက်လုံးတစ်ချက်လှန်ကြည့်လိုက်သည်။

မဟုတ်ပါဘူး..မစားဘဲစိတ်ဆိုးပြချင်ရင်လဲ..ထမင်းစားပွဲဘာလို့လာထိုင်နေသေးတုန်း။

"ဘာလုပ်နေတာလဲ..မစားပဲနဲ့!!!"

ပိတ်အော်လိုက်တော့မှ..တူနှစ်ချောင်းနဲ့ပန်းကန်ကိုအသံမမြည်မြည်အောင်ထိုးဆွရင်း..အရှေ့ကအမေထည့်ပေးလိုက်တယ့်ဝက်သားနှပ်တစ်ဖက်ကို..ကောက်စားသည်။

ဝါးနေရင်းမှစူပုပ်နေတယ့်မျက်နှာလေးက..ပြုံးယောင်သမ်းလာသည်။ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့နှုတ်ခမ်းလေးတစ်ဖက်တွန့်ကွေးနေရင်းမှ..Winကြည့်နေတာသတိထားမိသွား၍ချက်ချင်းထော်ပစ်လိုက်ကာ..ဆက်စားနေသည်။

different types with same love(completed) Donde viven las historias. Descúbrelo ahora