💞12💞

1.2K 128 26
                                    

✴Unicode✴

ပြာလဲ့လဲ့ဖြစ်နေတဲ့ကန်ရေပြင်ဘက်ကို..Winကျောခိုင်းထိုင်နေရာမှမျက်နှာမူလိုက်ပြီး..ဘေးနားကခဲလုံးသေးသေးလေးကိုကောက်ကာ..ရေပြင်အလယ်ထိရောက်အောင်..မြှောက်ပစ်လိုက်သည်။

"Win...တကယ်မလာဘူးလား"

"မလာပါဘူးဆိုကွာ.."

Win...နောက်ခဲလုံးတစ်ခုကို..ကောက်ကိုင်ပြီးရေကန်ထဲထပ်ပစ်လိုက်ပြန်သည်..ပထမပစ်လိုက်တယ့်ခဲလုံးကျတဲ့နေရာထက်..ပိုဝေးတဲ့နေရာကိုကျသွားတာမြင်တော့..ကျေနပ်သလိုခပ်တိုးတိုးလေးရယ်လိုက်တာ..ဘေးဘက်ကကပ်ထိုင်နေတဲ့Brightတောင်မြင်ရလောက်တဲ့..ယုန်သွားလေးနှစ်ချောင်းကပြူကနဲ..

Winကိုကြည့်ရင်း..Brightအားမလိုအားမရဖြစ်ပြီး..စိတ်ရှိလိုက်ရှိဆွဲမကာမွှေ့ယမ်းပစ်လိုက်ချင်သည်။
ဒီလောက်အာပေါက်မတတ်ပြောနေတာတောင်..Winကနည်းနည်းလေးမှအဖက်မလုပ်ဘူး..တစ်ခါတလေသံသယတောင်ဝင်လာတယ်..သူအရမ်းဆိုးလွန်းလို့သာ..မဖြစ်မနေမို့ရည်းစားအဖြစ်လက်ခံသလားရယ်လို့..

"ယောကျ်ားလေးဖြစ်ပြီး..ဘာလို့အ့လောက်အိမ်ကြောက်နေတာလဲ..ခုခေတ်မှာလူငယ်တိုင်းnight-outထွက်နေကြတာပဲ"

Brightအသံက..ဆောင့်ဆောင့်အောင့်အောင့်ထွက်သွားသည်..တကယ်ပဲ..စိတ်မရှည်တော့ဘူး..Winကဘယ်တော့မှဘာပဲလုပ်ချင်လုပ်ချင်ဘာပဲတောင်းဆိုတောင်းဆို..အမြဲကန့်လန့်လုပ်တယ်။

"Brightရယ်..ဘာမှမဟုတ်တဲ့ကိစ္စတစ်ခုကို..ပြဿနာမရှာစမ်းနဲ့..ငါ့မိဘတွေကမင်းတို့မိဘတွေလိုမြို့သားတွေမဟုတ်ဘူး..ရှေးဆန်တာထုံးစံပဲ..ညဘက်အပြင်ထွက်ရင်ပျက်ဆီးတယ်ပဲထင်နေတာ..ပြီးတော့ငါကိုယ်တိုင်လဲမထွက်ချင်ဘူးကွာ.."

"နေပါဦး..ခုကခင်များမိဘတွေမကြိုက်တာကိုမလုပ်ချင်တာလား..ဒါမှမဟုတ်..ခင်များကိုယ်တိုင်ကမလုပ်ချင်တာနဲ့..သက်သက်အကြောင်းပြနေတာလားး..ဟမ်!!"

Brightတကယ်စိတ်တိုပါသည်...Tayမွေးနေ့မှာClubမှာကဲကြဖို့..တစ်တန်းလုံးလက်ခံပေမယ့်..ဒီယုန်ကောင်ကျမှဘာလို့ပြောမရဆိုမရဖြစ်နေရသလဲ..

"နေစမ်းပါဦး..ငါလဲပြောပါဦးမယ်..မွေးနေ့ရှင်ကတောင်..မလာနိုင်တာကိုနားလည်ပေးတာ..မင်ကဘာဖြစ်!!"

different types with same love(completed) Opowieści tętniące życiem. Odkryj je teraz