xi • see ya

144 21 9
                                    

" Mike, singto အောက်ထပ်က
ဂိတ်နားမှာရှိတယ် ..
Off ကို ခေါ်ပြီး အဆင်သင့်လုပ်ထား "

Tay နှစ်ခါပြောစရာမလိုဘဲ Mike
ခေါင်းငြိမ့်ကာ ထွက်သွား၏။

" Krist, Bright တို့ကို သွားစောင့်ပြီး
အောက်ထပ်ကို ခေါ်လာပေးဖို့
အကူအညီတောင်းပါတယ် "

အခြေအနေတွေ ဗရမ်းဗတာ
ဖြစ်နေသော်ငြား
ကြိုတင်ပြင်ဆင်ထားပြီး
တည်တည်ငြိမ်ငြိမ် ရှိနေသော Tay ကို
Krist ခေါင်းငြိမ့်ပြကာ ထွက်လာခဲ့၏။

လမ်းတစ်လျှောက်လုံး စစ်သားများ
ရောက်ယတ်ခတ်လျက်ရှိကြပြီး
အဆောက်အအုံတစ်ခုလုံးကလည်း
အသိပေးချက်တွေနှင့် ဆူညံနေသည်။

အတတ်နိုင်ဆုံး လူသတိမထားမိအောင်
ရှောင်ရှားရင်း Krist, Lab wing ဖက်သို့
လှမ်းလာခဲ့၏။

ဖြစ်လာနိုင်သော အန္တရာယ်များကို
ကြိုတွေးရင်း Win အတွက် သူ ,
အတော်လေး စိတ်ပူနေမိသည်။

သို့သော်ငြား မျက်ခုံးကိုကျှုံ့ကာ
လက်ပိုက်မတ်တပ်ရပ်နေသော Bright နှင့်
သူ၏ ခြေရင်းတွင်း ငုတ်တုပ်ကလေး
ထိုင်နေသော Win ကြောင့်
အနည်းငယ် သက်မတစ်ချက်ချလိုက်နိုင်၏။

××

hospital wing ၏ ဟောဝေးတစ်လျောက်
တိတ်ဆိတ်လို့နေ၏။

အစောင့်အကြပ် စစ်သားများလည်း
တစ်ယောက်မှမတွေ့ရ။

ရုတ်တရက် အားပြင်းပြင်းနှင့်
လက်ကိုဖမ်းဆွဲခံလိုက်ရတာမို့
အလိုလျောက် Tay ၏ လက်ချောင်းများက
လာဆွဲသူ၏ လည်ပင်းပေါ်ရောက်သွားသည်။

" ​စိတ်လျှော့ပါဦးဟ .. "

အနည်းငယ်မောဟိုက်နေသော
အသံနှင့် New က ရယ်ကျဲကျဲပြော၏။

ခပ်ငိုက်ငိုက်ဆောင်းထားသော စစ်စိမ်းရောင်
ဦးထုပ်အောက်က ကောင်လေးရဲ့
မျက်နှာကို မြင်တာနဲ့ Tay တင်းကြပ်စွာ
ဖက်ပစ်လိုက်တာပင်။

အတော်လေးစိတ်ပူနေခဲ့တာမို့ .. ။

" သွားရအောင် ..
ငါတို့ ဒီမှာ ဆက်နေလို့ မဖြစ်ဘူး "

You've reached the end of published parts.

⏰ Last updated: Aug 21, 2021 ⏰

Add this story to your Library to get notified about new parts!

SOMEWHERE FROM AFARWhere stories live. Discover now