iii ▪ need a ride?

218 29 8
                                    

" ဒီနားမှာ ခဏရပ်လိုက် ! "

Tay ၏ အသံ ကားတစ်ခုလုံးကို လွှမ်းသွားခြင်းနှင့်အတူ သူတို့မောင်းနှင်လာခဲ့သော
bus ကားကြီးမှာလည်း တုံ့ခနဲရပ်တန့်သွား၏။

" vachirawit , ဟိုဘက်ကားကို
ဆင်းကြည့် .
Singto လိုက်သွားလိုက် "

သူတို့ထွက်လာခဲ့ရာမှ လမ်းခုလပ်တွင်ရှိနေသော
စစ် bus ကားတစ်စီးကို တွေ့သဖြင့် Tay က
စစ်ဆေးရန် ကားရပ်လိုက်ခြင်းပင်။

" ကျွန်တော် တစ်ယောက်တည်းလုပ်နိုင်တယ် "

Bright က အထွန့်တက်လိုက်သော်ငြား
အနောက်မှပါလာသော Singto ကိုတော့ ရန်မလုပ်။

ထိုနှစ်ယောက် ဆင်းသွားကြတော့မှ Tay
ကားဆိုဖာအိအိပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

ယခုရက်ပိုင်းအတွင်း Bright က ထိန်းသိမ်းရခက်လာ၏။
ထိုကိစ္စကြီးပြီးကတည်းက သူ့အပေါ်ထားထသည့်
Bright ရဲ့လေးစားမှုတွေ သိသိသာသာ
ကျဆင်းသွားသည်ကို Tay သတိထားမိပါသည်။

ဒီပုံစံအတိုင်းဆိုလျှင် Bright ထဖောက်လျှင်
Tay လည်းထိန်းနိုင်မည့်ပုံမပေါ်ပါချေ။

" စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုတွေ့လား ? "

Bus ကားတံခါးဝတွင် အေးဆေးလက်ပိုက်ရင်း
ပျင်းတိပျင်းရွဲ ရပ်နေသော Bright ၏
အမေးကြောင့် အနံ့တထောင်းထောင်းထနေသည့်
လူသေလောင်းတွေကြားမှ Sing တစ်ယောက်
မေးခွန်းထုတ်သူထံ မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်သည်။

" Gas တစ်ဘူးတော့ရှိတယ်..
တခြားတော့ဘာမှမရှိဘူး "

" ဟုတ်လား .. အဲ့ဒါဆိုလည်း မြန်မြန်သယ်ပြီးတော့
သွားရအောင် .. ဟိုးဘက်မှာ horde* တစ်စုလာနေတယ် "

" ဘာ !! အဲဒါကို အခုမှပြောရလားကွ !?! "

Sing ရဲ့ဆဲရေးသံတို့ နောက်မှာတော့ Bright က
ပခုံးသာတစ်ချက်တွန့်ပြကာ Bus ပေါ်မှ အေးအေးလူလူဆင်းသွား၏။

SOMEWHERE FROM AFARWhere stories live. Discover now