vi ▪ mad dog

168 35 7
                                    

[ အတွင်းဖက်က မီးမရှိလို့
အရမ်းမှောင်နေလောက်တယ် ]

" ရတယ် "

Tay က ပြောပြောဆိုဆိုနှင့် Gas ဘူးကြီးများ
ထားသည့် အခန်းထဲသို့ ဝင်လာခဲ့သည်။

အမှောင်ထဲတွင် Tay ၏ ခြေလှမ်းများက
ကျင်လည်စွာ Gas ဘူးများရှိရာသို့ .. ။

••

" မင်းတို့ သူ့ကို တကယ်မသိဘူးပေါ့ ? "

Singto က အူလည်လည် ရုပ်ကလေးများဖြင့်
သူ့ကိုကြည့်နေသော Krist နှင့် Win ကို
မယုံနိုင်စွာမေးလိုက်၏။

Bright က သူ့အကြောင်းပြောနေတာမဟုတ်သလို
ပြတင်းပေါက်အပြင်ကိုသာ ပျင်းရိပျင်းတွဲ
ကြည့်လျက် .. ။

" ငါက မင်းတို့ GODS အဖွဲ့အကြောင်း
ကြားဖူးပေမယ့် နာမည်တွေနဲ့ လူတွေတော့
တွဲမသိဘူးလေ ..
Win ကတော့ အပြင်လောက နဲ့
သိပ်အဆက်အသွယ် မရှိလို့ "

" အော် .. အဲ့ဒါဆိုလည်း နားထောင် ..
ငါက Singto, လူတွေငါ့ကိုပေးထားတဲ့
နာမည်ကတော့ 'Beta' ဆိုလားပဲ
အရှေ့က ကားမောင်းတဲ့သူက Off,
သူကတော့ 'mad dog' လို့
လူတွေသိကြတယ်ထင်တယ် "

Win က ကားမောင်းသူနေရာတွင် ထိုင်ရင်း
Computer နှင့် အလုပ်ရှုပ်နေသော
ကောင်လေး၏ ကွန်ပြူတာကို မျက်မှောင်ကြီး
ကျှုံ့လျက်သား ကြည့်နေသည့် Off ရှိရာထံ
လှမ်းကြည့်လိုက်သည်။

" ဟိုမြေပုံတွေနဲ့ အလုပ်ရှုပ်နေတဲ့ တစ်ယောက်က
Mike , သူ့ကိုတော့ သိတယ်မလား
'know it all' ..
သူမသိတာ ဘာမှမရှိတဲ့ပုံ အမြဲဖမ်းလို့
ငါကိုယ်တိုင် သူ့ကိုအဲ့နာမည်ပေးထားတာ "

Win ၏ အကြည့်က ခေါင်းကို ဖျင်းဖျင်းမြည်အောင်ကုပ်နေသော သူထံကူးပြောင်းသွားပြန်သည်

Krist ၏ စိတ်ဝင်စားမှု ကတော့
စကားပြောနေသူ Sing ထံတွင် အပြည့်အဝရှိ၏။

" အဲ့ဒါဆို သူက.. "

Krist က Bright ကိုမျက်စပစ်ပြရင်း​
အတည်ပြုချက်တောင်းတော့ Singto က
ခေါင်းငြိမ့်ပြလာသည်။

SOMEWHERE FROM AFARWhere stories live. Discover now