ix • blue veins

137 25 9
                                    

ဒီကနေ့မနက်စာကတော့
ပစ်ချွဲချွဲ နီရဲရဲ Baked beans များပင်။

" အ ! "

ယခုမှ နွှေးထားသော can ကို
သတိမမူမိဘဲ ယူလိုက်သော Gun ဆီမှ
အသံထွက်လာ၏။

" မင်းကလည်း ..
ရှေ့မကြည့် နောက်မကြည့်နဲ့ .. "

" အနာတရဖြစ်သွားတဲ့သူကို
ဘာလို့အော်နေတာလဲ !?
မင်းကရော ဘာလို့ ဒီလောက်တောင်
သတိမထားရတာလဲ ! "

Off က Tor အား အနာတရဖြစ်သူကို
မအော်ရန် လှမ်း ရန်လုပ်ပြီးနောက်
အနာတရဖြစ်သူဖက်လှည့်ကာအော်၏။

" Bright , ဆေးထည့်ပေးပါဦး
ငါ,လက်မအားလို့ .. "

Gun လက်မှ လွတ်သွားသော
baked beans can များကို
ဖွင့်ရင်း New ပြောလိုက်သည်။

သူ၏ Baked beans များကို
တမြုံ့မြုံ့ဝါးနေသော Bright က
မလှုပ်တလှုပ်။

" ရတယ် .. ငါထည့်ပေးလိုက်မယ် .. "

Off က ပြောရင်း ကားဖက်ကို ထွက်သွား၏။
သူ၏ အနောက်တွင်တော့ အူကြောင်ကြောင်
Gun လိုက်ပါသွားလေသည်။

" ဖူး ! "

Off ထွက်သွားတာ သေချာမှ ဝါးလုံးကွဲ
ထရယ်လိုက်လိုက်သော Krist ပါးစပ်ထဲမှ
ပဲစေ့များက Singto မျက်နှာကို
သွားစင်ကြ၏။

" P' နည်းနည်းလောက်ရင့်ကျက်စမ်းပါ "

ပြောစရာ စကားရှိပုံမရသော Singto
မျက်နှာကို လှမ်းကြည့်ရင်း Win က
အားနာစွာ​ရေရွတ်လိုက်တော့သည်။

××


သူတို့၏ အပြန်လမ်းမှာ
အသွားလမ်းလောက် အနှောက်အယှက်
မများပါချေ။

မနက်ကတည်းက ထွက်ခဲ့တာ
ညနေစောင်းနေပြီ။
ဘေးဘီဝဲယာမှ အသေကောင်အချို့ကလွဲပြီး
ထူးထူးခြားခြားမရှိ။

ပျင်းရိစွာ ကားမောင်းနေသော
Off ဘေးတွင် Gun က နှစ်ခြိုက်စွာ
အိပ်မောကျလျက်။

Gun ၏ ဘေးတွင်တော့
ပြတင်းပေါက်ကို သူ၏ချစ်သူလို
ငေးကြည့်နေသော Tor အား
တွေ့နိုင်ပေသည်။

SOMEWHERE FROM AFARWhere stories live. Discover now