viii ▪ small talk

241 20 6
                                    

" Vachirawit chivaree !!
မင်းကို ဒီနေရာက မထနဲ့ ဆိုတာ
သောက်ရူးထပြီး ဒီကားပေါ်ကလူတွေကို
မသတ်ပစ်ဖို့ပြောတာလေ !
သူတို့ဘာဖြစ်ဖြစ် ပစ်ထားလိုက်လို့
ပြောတာမှမဟုတ်တာ ! "

Tay က စိတ်တိုစွာအော်ဟစ်လိုက်၏။

Bright ကတော့ မထုံတက်တေးရုပ်နှင့်
Mike ၏ ဒဏ်ရာအား ချုပ်ပေးလျက်ရှိသည်။

New က Tay ကို မဆူတော့ဖို့
ဖြောင်းဖြကာ တစ်ဖက်တွင်
သွားထိုင်စေတော့လည်း ခွေခနဲပျော့သွားကာ
ငြိမ်ငြိမ်စိမ်စိမ်ဖြစ်သွားသည်။

ပြီးမှ New က Bright ခေါင်းကို
ခပ်ဖွဖွပုတ်ကာ တိုးတိုးကလေးကြိတ်ဆူ၏။

New ၏ နူးညံ့သော အကြည့်အောက်တွင်
Bright ဟာလည်း မခုတ်တတ်သော
ကြောင်ကလေး တစ်ကောင်ဖြစ်သွားရသည်။

ထိုအခိုက်အတန့်တွင် မျက်နှာတည်တည်ကြီးနှင့်
အမိန့်တွေအော်ပေးတက်သော Tay ထက်
ပိုပြီးဩဇာညောင်းသူမှာ New ဖြစ်ကြောင်း
Win နားလည်လိုက်၏။

Mike ၏ မျက်နှာက မဲ့ရွဲ့လျက်..။

Mike အမှီပြုနိုင်ရန် Win က
ဘေးခုံတွင်ထိုင်နေ၏။

" အဆင်ပြေရဲ့လား ? "

မေးပြီးကာမှ အစိမ်းလိုက်အချုပ်ခံနေရသော
လူတစ်ယောက်အား အဆင်ပြေလား မေးမိသည့်
ကိုယ့်ပါးစပ်ကိုယ် Win ပိတ်ရိုက်ချင်သွားမိသည်။

Mike က အမှန်တကယ် စိတ်ပူနေသည့်
Win စိတ်သက်သာရာ ရသွားစေရန် ပြုံးလိုက်၏။

" P' , Joke တစ်ခုကြားချင်လားဟင် ? "

Win က မေးလိုက်တော့ Mike
ခေါင်းငြိမ့်ပြလိုက်သည်။

" လန်ဒန်မြို့ ရဲ့တစ်နေရာမှာပေါ့
ဒဏ်ရာရနေတဲ့ British စစ်သားတစ်ယောက်ကို
လူတစ်ယောက်ကတွေ့တော့
ဘာမေးလိုက်တယ်လို့ထင်လဲ .. ? "

" U K man ? "
[ A/N Get it? Get it? ]

Joke ၏ punchline ကို ဝင်ပြောသွားသော
Bright ကြောင့် Win က
အမြင်ကပ်စွာကြည့်ပစ်လိုက်၏။

SOMEWHERE FROM AFARWhere stories live. Discover now