x ▪ Bright to the rescue

148 23 10
                                    

" ကားထဲကလူတွေကို
စစ်ဆေးရမှာမို့ ထွက်ပေးပါ "

Off က စုပ်တစ်ချက်သပ်၏။

အမှန်အတိုင်းပြောရရင် Tay လည်း
သိပ်ကျေနပ်နေတာတော့မဟုတ်။

သူတို့ GODS အဖွဲ့အစည်းကား
ဘယ်နေရာမဆို တံခါးမရှိဓားမရှိပင်။

ဒီလို စစ်တပ်ဝန်းကျင်ဆိုပြောနေစရာကိုမဟုတ်။

သို့သော်ငြား တာဝန်သိခေါင်းဆောင်တစ်ယောက်
အနေနှင့် အောက်ကိုတော့ဆင်းပေးလိုက်ပါ၏။

" မှာထားတာက 7 ယောက်ပဲဝင်လာမယ်တဲ့
ဒါပေမဲ့ ဘယ်လိုလုပ် 10 ယောက်တောင်
ဖြစ်နေတာလဲ ? "

" နှစ်ယောက်က လမ်းမှာ
ကယ်ဆယ်ခဲ့တာ .. တစ်ယောက်က
GODS အဖွဲ့ဝင် Thitipom. "

Tay က စိတ်ရှည်စွာ ရှင်းပြပါသည်။

သို့သော်ငြား အပေါက်စောင့်စစ်သားရဲ့
ရှည်ကြောပုံက နေပူပူထဲမှာ ခေါင်းပို
ကိုက်အောင်လုပ်နေ၏။

" သုံးယောက်ကို ညာဖက် Hospital Wing ကို
ပို့ဆောင်ပြီးဆေးစစ်ရပါမယ် "

ညာဖက် Hospital Wing ဆိုတဲ့ စကားက
Tay နားထဲသို့ အချက်ပေးသံတစ်ခုလို
မြည်ဟိန်းဝင်ရောက်လာသည်။

သူတို့၏ စစ်တပ် အဆောက်အအုံတွင်
ဒဏ်ရာရစစ်သားများအတွက် ဆေးရုံကို
ညာနှင့်ဘယ် နှစ်ခုခွဲထား၏။

သို့သော်ငြား ညာဖက်က ဟန်ပြဆေးရုံဖြစ်ပြီး
ပိုးရှိကြောင်းသံသယရှိလူနာတွေကို
သတ်ပစ်တာမျိုး မကြာခဏလုပ်တတ်ကြသည်။

စစ်ဆေးခြင်း အလုပ်က လူအင်အားရော
စက်အင်အားပါကုန်ပြီး တခါတည်း
သတ်ပစ်လိုက်ရင်တော့ ဖော်စပ်နေဆဲ
ဆေးဝါးနှင့် ရိက္ခာဖိုးပါ
သက်သာသည်မဟုတ်ပါလား။

" သူတို့ကို medic Vachirawit က
တစ်ခေါက်စစ်ဆေးပြီးသားပါ
အားလုံးသန့်ပါတယ် "

" တာဝန်အရပါ .. "

စစ်သား အချို့ဦးဆောင်ရာပါသွားသော
New, Gun နှင့် Tor တို့ကိုကြည့်ရင်း
Tay မျက်မှောင်ကြုံ့လိုက်သည်။

SOMEWHERE FROM AFARWhere stories live. Discover now