iv ▪ reunion

147 23 9
                                    

Saturday, 09 : 45


နံနက်​ခင်း၏ အအေးဓာတ်​ကြားမှာ
Win တစ်​ယောက်​လက်​နှစ်​ဖက်​ဖြင့်
ကိုယ့်ကိုယ်​ပြန်​ပွေ့ဖက်​ရင်း
အနွေးဓာတ်​ရှာနေ၏။

" ရော့ .. ဒါက နောက်​ဆုံးလက်​ကျန်​ပဲ .. သောက်​လိုက်​တော့ "

အငွေ့တထောင်းထောင်း ထနေသော
ကော်​ဖီတစ်​ခွက်​ကို New က
Win လက်​ထဲထည့်ပေးလာသည်​။

" ကျေးဇူးပါ .. "

Win ၏ ကျေးဇူးစကားမဆုံးလိုက်​ခင်​မှာပင်​
သစ်​သားအိမ်​လေး၏
တံခါးဝမှ ကျယ်​လောင်​သော ထုရိုက်​သံများထွက်​ပေါ်လာ၏။

" ရှူး .. "

New က နှုတ်ခမ်းပေါ်သို့
လက်ညိုးတစ်ချောင်းတင်ရင်း
မျက်နှာရိပ်မျက်နှာကဲဖြင့်
အိပ်ခန်းထဲသို့ဝင်ခိုင်းသည်။


ကြားနေရသော အသေကောင်တို့၏ ငြီးငြူသံများ
ကျယ်လောင်လာသည်နှင့်အမျှ Win ရဲ့
နှလုံးခုန်သံကလည်း ပိုကျယ်လောင်လာနေ၏။

Khrist နှင့် Win ဝင်လာပြီး သိပ်မကြာခင်ပင်
New လည်း အိပ်ခန်းထဲသို့ဝင်လာသည်။

" အများကြီး မဟုတ်ဘူး .. 3 ကောင်တည်း ..
ငါဖြေရှင်းလိုက်မှာမို့လို့ ဒီမှာ စောင့်နေကြဦး "

New က အခန်းထဲရှိ အံဆွဲ တစ်ခုမှ
ဓားမြှောင်တစ်ချောင်းကို ခပ်သွက်သွက် ဆွဲထုတ်ရင်း
ပြောကာ ပြန်ထွက်သွား၏။

ဓားမြှောင် တစ်ချောင်းတည်းဖြင့် အသေကောင်
သုံးကောင်ကြား ထွက်သွားသော New အတွက်
ရင်ထိတ်စွာ Krist တံခါးအားအနည်းဟ၍
အရှေ့တံခါးဖက်ဆီ လှမ်းကြည့်မိတော့
မျက်စိတစ်ဖြတ်အတွင်း လျှင်မြန် ကျွမ်းကျွင်စွာ
အသေကောင်တစ်ကောင်ချင်းစီကို
သတ်ဖြတ်နိုင်သည့် New ကြောင့်
မျက်မှောင်ကျှုံ့မိတာအမှန်ပင်။

New က Researcher တစ်ယောက်အတွက်ဖြစ်ဖြစ် scientist တစ်ယောက်အတွက်ဖြစ်ဖြစ်
အတိုက်အခိုက်ရော လက်နက်ပိုင်းမှာ ကျွမ်းကျင်ပါးနပ်လွန်းနေသည်။

SOMEWHERE FROM AFARWhere stories live. Discover now