vii ▪ rush

155 18 10
                                    

Trigger warning : following content contains graphic scences

" ငါမင်းကို စိတ်မဆိုးဘူးဆိုတာ
သိတယ်မဟုတ်လား "

New ကပြောခဲ့၏။

Tay က ခေါင်းကို လေးပင်စွာ ငြိမ့်လာသည်။

" ဒါက ငါတို့အလုပ်ပဲလေ..
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ ..
မင်းက ငါလုပ်နိုင်မယ်ဆိုတာ ယုံလို့
ငါ့ကို ထားခဲ့တယ်ဆိုတာ ငါသိပါတယ် .. "

New က နှစ်သိမ့်တော့ Tay က ခေါင်းကို
နောက်တစ်ခေါက် ထပ်ငြိမ့်သည်။

ရုတ်တရက် အဝေးမှထွက်ပေါ်လာသော
သေနတ်သံများကြောင့် သူတို့ နှစ်ယောက်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။

••

" အခု ပတ်တီးစီးထားလို့ရပေမယ့်
ဒဏ်ရာက ချုပ်မှရမှာ "

Win က Mike ၏ ဒဏ်ရာကို ကြပ်ထုပ်နေအောင် စည်းရင်း Bright အားလှမ်းပြောသည်။

Singto တော့ သေချင်တော့တာပင်။

ဒီလောက် လူတွေ အများကြီးကို
သတ်လာတာတောင် ပါးမှာ ခြစ်ရာ
သေးသေးလေးကလွဲပြီး ဘာဒဏ်ရာမရတဲ့
Off ကို Gun က အံ့ဩမှင်သက်နေမိ၏။

ဒါတောင် Off က trained soldier
မဟုတ်ဟု ပြောသေးသည်။

" သူတို့လာပြီ ! "

အဝတွင် ရပ်နေသော Tor က
ဝမ်းသာအားရလှမ်းအော်လိုက်၏။

သို့သော် သူ၏ ဝမ်းသာမှုမှာ ကြာကြာမခံလိုက်ပါ။

အဘယ်ကြောင့်ဆိုသော် Gas ဘူး
အလေးကြီးများကို သယ်ကာ ပြေးလာကြသော
Tay နှင့် New ၏ နောက်တွင် အသေကောင်
အုပ်စုကြီးက လိုက်ပါလာသောကြောင့်ပင်။

" oh for fuck's sake "

Krist တစ်ယောက်ပြတင်းပေါက်မှ
လှမ်းကျော်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

••

" Sarge ! "

Bright နှင့် Singto တို့ ကားပေါ်က
ခုန်ဆင်းလာရင်း လှမ်းအော်လိုက်၏။

SOMEWHERE FROM AFARWhere stories live. Discover now