ii ▪ brains out

233 31 4
                                    

မှောင်​ရိပ်​သန်းနေပြီဖြစ်​သော ပတ်​ဝန်းကျင်​ကြောင့်
လွယ်​အိတ်​ကိုယ်​စီ လွယ်​ထားကြသော ကောင်​ကလေးနှစ်​ယောက်
ခြေလှမ်းများကို တတ်​နိုင်​သမျှ ခပ်​သွက်​သွက်​လှမ်းနေကြ၏။

သူတို့နှစ်​ယောက်​လုံး ပင်​ပန်းပုံပေါ်နေကြသော်​လည်း
တစ်​ချက်​မျှမနားကြသေး။
နားလို့လည်းမဖြစ်​ချေ။
ညပိန်းပိတ်​အောင်​မှောင်​သွားလျှင်​ သူတို့ အသေကောင်​များကို
မမြင်​နိုင်​တော့သလို ရှောင်​လည်းရှောင်​နိုင်​တော့မှာမဟုတ်​။

" သိပ်​မဝေးတော့ပါဘူး .. နည်းနည်းပဲ ဆက်​လျှောက်​လိုက်​ "

အရှေ့မှရောက်​နေသော ပါးဖောင်းဖောင်းနှင့်​ကောင်​လေးက
သူ၏အနောက်​မှကောင်​လေးကို အားပေး၏။

" ကျွန်​တော်​က ရပါတယ်​ ..
P' မောရင်​သာ ကျွန်​တော့်​ကိုပြော ..
ကျွန်​တော်​ ထမ်းသွားပေးမယ်​ "

ယုန်​သွာဖြူဖြူလေးတို့ပေါ်အောင်​ပြုံးရင်းပြောလာသော
ကောင်​လေးကြောင့်​ ပါးဖောင်းဖောင်​နှင့်​ကောင်​လေးက
သူ၏ ပါးမို့များ မြောက်​တက်​သွားအောင်​ပြုံး၏။

ထိုစဉ်​ ရောပြွန်းနေသောညည်းညူသံအများအပြားကို
သူတို့နှစ်​ယောက်​စလုံးကြားလိုက်​ရတာကြောင့်
အနောက်​ကိုလှမ်းကြည့်​လိုက်​တော့
အသေကောင်​များ အုပ်​စုလိုက်​သူတို့ရှိရာဘက်​သို့လှမ်းလာနေကြ၏။

အရှေ့မှကောင်​လေးက အနောက်​မှကောင်​လေး၏ လက်​ကိုဆွဲကာ
သုတ်​ခြေတင်​ပြေးတော့၏။

အသေကောင်​တွေအုပ်​စုက သူတို့အား မမြင်​သေး။
အခုအမြန်​သွားလျှင်​ မှီနိုင်​သေးသည်​။

သိပ်​မကြာခင်​မှာပင်​ သူတို့ရှာနေသော သစ်​သားအိမ်​လေးသို့
နှစ်​ယောက်​သားရောက်​လာကြ၏။

အတော်​ကြီးပြေးလိုက်​ရသောကြောင့်​ ပါးဖောင်းဖောင်းနှင့်
ကောင်​လေးမှာ အနည်းငယ်​ဟောဟဲလိုက်​နေသည့်​ကြားထဲက
တံခါးကို အသည်းအသန်​ဖွင့်​နေသည်​။

SOMEWHERE FROM AFARWhere stories live. Discover now