Unicode
Mark's pov
အခုဆိုရင် Haechan ကိုယ်ဝန်ကလဲ ၃လကျော်လာပြီ ဗိုက်ကလေးလဲ တော်တော်ပူနေပြီ ကိုယ်ဝန်စရှိတုန်းကလို အန်တာ ခေါင်းမူးတာမျိုးမရှိေတာ့ပေမယ့် ဗိုက်ကလေးက တော်တော်ပူလာပြီမို့ ပင်ပန်းလွယ်လာတယ်။ကိုယ်ဝန်က လနုသေးပေမဲ့ အရင်လောက်မသွက်လက်တော့ဘူး။
ကိုယ်ဝန် ၂လလောက်ကတည်းကအိမ်အလုပ်တွေမခိုင်းတော့ဘူး ။ Omma က အဒေါ်ကြီးတစ်ယောက်ကို တနလ်ာကနေ သောကြာအထိ ငှားပေးတာမို့ အကုန်အဆင်ပြေပါတယ်။ ပိတ်ရက်တွေကျရင်တော့ ကျွန်တော်အကုန်လုပ်ပေါ့။Hyuckie ကစိတ်ခံစားမူလဲအရင်ကထက်ပို နူးညံ့လာတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ သမီးလေးများမွေးမလားလို့ ထင်မိတယ် ပြောရင်းဆိုရင်း အပေါ်က ဆင်းလာပြီး ကျွန်တော့်နားလာထိုင်တယ်
Haechan - ကိုကို
Mark - ဟင်
Haechan - စတော်ဘယ်ရီစားချင်တယ်
Mark - Hyuckie ကလဲ အခု စတော်ဘယ်ရီ ရာသီမှ မဟုတ်တာ ဘယ်ရှိမလဲ
Haechan - အင်းနော်
Mark - ဒီလိုလုပ် ရေခဲသေတ္တာထဲမှာတော့ စတော်ဘယ်ရီ Jam ရှိတယ် ကိုကို ပေါင်မုန့်မီးကင်ပြီး သုပ်ပေးမယ် စားမလား
Haechan - အင်း စားမယ် စားမယ်
Mark - အဲ့ဒါဆို ဒီမှာ ခနစောင့် ကိုကိုသွားလုပ်လိုက်ဦး
ကျွန်တော်လဲ သူ့အတွက် မီးကင်ပြီး Jam သုပ်နေတုန်း ခါးကိုလာဖက်တယ်
Mark - ဘာဖြစ်လို့လဲ Hyuckie
Haechan - ဟင့်အင်း ဒီအတိုင်း ကိုကို့ ကို ဖက်ချင်လို့
Mark - ဟုတ်ပါပြီ လာ စားလို့ရပြီ ဧည့်ခန်းသွားမယ်
လမ်းတစ်လျှောက် ခါးကိုဖက်ပြီး ရင်ခွင်ထဲက လိုက်လာတဲ့ Hyuckie ရယ်ပါ ကိုယ်ဝန်ရမှ ပိုချွဲလာတဲ့ Hyuckie က ကလေးလေးနဲ့တူတယ် သူ့ကို ကလေးလို့ပြောရင် စိတ်ကောက်လို့ ထုတ်တော့မပြောရဲ
Mark - Hyuckie စားလို့ကောင်းလား
ပါးစပ်ကပလုတ်ပလောင်းစားနေတာမလို့ စကားမပြောနိုင်ပဲ လက်မထောင်ပြတယ်။ အား အသည်းယားလိုက်တာ